သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအနည်းဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာ ပါဝင်

သြဂုတ်က ကလေးမြို့ ရေကြီးနေမှုမြင်ကွင်း
1.6K
သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုအနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။
အမေရိကန်နိုင်ငံ တက္ကသိုလ်တခုက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို သုတေသနပြု လေ့လာထုတ်ပြန်လိုက်တဲ့ စာရင်းအရ မြန်မာက အောက်ဆုံးနားက အဆင့် ၁၇၉ မှာ ရှိနေပါတယ်။
၂၀၁၄ ခုနှစ်က ကမ္ဘာ့ရာသီဥတုညီလာခံမှာ ထုတ်ပြန်ချက်အရလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာသီဥတု ဒဏ်အဆိုးရွားဆုံးရတဲ့နိုင်ငံတွေထဲမှာ ဒုတိယအဆင့်မှာ ရှိတယ်လို့ သိရပါတယ်။
ကျန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ ၁ ဒသမ ၆သန်း ရေဘေးသင့်ခဲ့ပြီး လူအယောက် ၁၁၀ သေဆုံးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ၂၀၀၈ ခုနှစ်မှာ လူသိန်းချီ အသေအပျောက် ရှိခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကပ်ဘေးနောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။