လက်ရှိချန်ပီယံ ချဲလ်ဆီးကို မန်စီးတီး ဂိုးပြတ်အနိုင်ယူ

သြဂုတ် ၁၇ ရက်ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက လက်ရှိချန်ပီယံ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲအစပိုင်းမှာပဲ မန်စီးတီးက လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေ တော်တော်ရခဲ့ပါတယ်။ အဂွဲရိုးရဲ့ ဂိုးသွင်းခွင့်တွေကို ချဲလ်ဆီး ဂိုးသမား ဘီဂိုဗစ်ခ်ျ ကာကွယ်နိုင်လို့ မန်စီတီးအသင်း စောစောစီးစီး ဂိုးမရခဲ့တာပါ။ ချဲလ်ဆီးကတော့ ဒီပွဲမှာ ကွင်းလယ်ရော၊ ခံစစ်ပိုင်းရော အမှားများခဲ့ပြီး မန်စီးတီးကွင်းလယ်က ဒါဗစ် ဆေးလ်ဗား၊ ဖာနန်ဒင်ညိုနဲ့ ယာယာတိုရေးတို့ကို မယှဉ်နိုင်ခဲ့လို့ အခုလို ဂိုးပြတ်ရှုံးခဲ့တာပါ။ မန်စီးတီးအတွက် အဂွဲရိုးက ပထမပိုင်း ၃၁ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပြီး ပွဲချိန် ၇၉ မိနစ်မှာ ကွန်ပနီက ဒုတိယဂိုးနဲ့ ၈၅ မိနစ်မှာ ဖာနန်ဒင်ညိုက တတိယဂိုး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ၂ ပွဲကစား ၆ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရှိနေပါတယ်။

More News
Up