ဘာစီလိုနာ တောင်ပံကစားသမားကို အက်စတွန်ဗီလာ ခေါ်

ဓာတ်ပုံ - ရိုက်တာ
1.2K
အက်စတွန်ဗီလာအသင်းဟာ အသက် ၁၉ နှစ်အရွယ် ဘာစီလိုနာ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ပေါင် ၇ သန်းနဲ့ ၅ နှစ် စာချုပ် ချုပ်လိုက်ပါပြီ။
စပိန်လက်ရွေးစင်လည်းဖြစ်တဲ့ အဒါမာ ထရာအိုရေးဟာ အသက် ၈ နှစ်အရွယ်မှာ ဘာစီလိုနာ လူငယ်လေ့ကျင်းရေးမှာ စတင်ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘာစီလိုနာ ဘီ အသင်းမှာ စတင်ကစားခဲ့ပါတယ်။
၂၀၁၃ မှာတော့ ဘာစီလိုနာ အသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့ပြီ၊ အသက် ၁၇ နှစ်အရွယ်မှာ လာလီဂါပွဲကို ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။