ကမ္ဘာ့ သက်တမ်းအရှည်ဆုံး မှတ်တမ်းဝင်သွားသည့် ကြောင်ကြီး

သြဂုတ်လ ၁ ရက်နေ့မှာ ၂၆ နှစ်ပြည့်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန် ပြည်နယ်က ကြောင်ကြီးဟာ ကမ္ဘာ့သက်တမ်းအရှည်ဆုံးကြောင်အဖြစ် ဂင်းနစ်မှတ်တမ်းက အတည်ပြုလိုက်တယ်လို့ ယူပီအိုင်သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။ ကော်ဒါရီလို့အမည်ပေးထားတဲ့ကြောင်ကြီးကို ဆစ်ဆတားစ်မြို့က အက်ရှ်လေရိဒ် အော်ကူရာက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ သက်တမ်းအရှည်ဆုံးကြောင်အဖြစ် မှတ်တမ်း ၀င်ဖို့ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်ဖ်နီ-၂အမည်ရတဲ့ သူ့ထက်အသက်ပိုကြီးတဲ့ ကြောင်တကောင်ရှိလာတဲ့အတွက် အရှုံးပေးခဲ့ရတယ်လို့ မှတ်တမ်းထိန်းသိမ်းတဲ့ အဖွဲ့ကဆိုပါတယ်။ တစ်ဖ်နီ-၂က အသက် ၂၇ နှစ်၊ ၂ လနဲ့ ရက် ၂၀ အကြာသေဆုံးပြီးတဲ့နောက်မှာ တော့ ကော်ဒါရီဟာ ကမ္ဘာ့သက်တမ်းအရှည်ဆုံးကြောင်ဖြစ်လာခဲ့ပါတယ်။ ပေါ့ပ်စတား တေလာဆွစ်ဖ်ထက်လေးလကျော်အသက်ပိုကြီးတဲ့ ကော်ဒါရီဟာ ကြောင်ပေါက်စလေးအရွယ်တည်းက အော်ကူရာနဲ့အတူနေထိုင်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ “ကျမတို့အရမ်းရင်ခုန်ပြီး ပျော်ခဲ့ရပါတယ်။ ကော်ဒါရီကို ကြွက်ခုတ်ဖို့အတွက် ၀ယ် ပြီးမွေးခဲ့တာပါ။ ခုလို တကမ္ဘာလုံးနဲ့အတူ သူ့ကိုမျှဝေရတဲ့အတွက် အံ့သြ၀မ်းသာရပါတယ်”လို့ အော်ကူရာကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up