A d v e r t i s e m e n t With Us

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်နှစ်ဦး ပွဲဦးထွက် အနိုင်ရ

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်နှစ်ဦး​ကို ကြံ့​ခိုင်​ရေး​ပါတီက စွဲဆိုထား​တဲ့​အမှုမှာ ရခိုင်ကိုယ်စား​လှယ်နှစ်ဦး​ အနိုင်ရရှိတယ်လို့​ ​မြေပုံမြို့​နယ် ရခိုင်ပါတီကိုယ်စား​လှယ် ဦး​ဖေသန်း​က အတည်ပြု​ပြောပါတယ်။ ကျောက်ဖြူမြို့​နယ် အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​အုန်း​တင်နဲ့​ ပြည်နယ်လွှတ်​တော်ကိုယ်စား​လှယ် ဦး​ကျော်လွင်တို့​နှစ်ဦး​အ​ပေါ် ပြိုင်ဘက် ကြံ့​ခိုင်​ရေး​ ကိုယ်စား​လှယ်​တွေက မဲရုံမှူး​တွေနဲ့​ပေါင်း​ပြီး​ မဲမသမာမှုလုပ်တယ်လို့​ စွပ်စွဲချက်အ​ပေါ် ​နေပြည်​တော်​ကော်မရှင်က စစ်​ဆေး​ပြီး​ ဇွန်လ ၁၅ ရက် ဒီ​နေ့​မှာပဲ ရခိုင်ကိုယ်စား​လှယ်​တွေကို အနိုင်​ပေး​လိုက်တာပါ။ တရား​စရိတ်အ​နေနဲ့​ တရာစွဲတဲ့​ ကြံ့​ခိုင်​ရေး​ကိုယ်စား​လှယ်​တွေက ​ငွေကျပ်ဆယ်သိန်း​စီ ​ပေး​ဆောင်ဖို့​လည်း​ အမိန့်​ချတယ်လို့​ သိရပါတယ်။ ဒါဟာ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီကို ကြံ့​ခိုင်​ရေး​ပါတီက စွဲဆိုထား​တဲ့​အမှု ကိုး​မှုအနက် နှစ်မှုမှာ ပွဲဦး​ထွက် အနိုင်ရတာလို့​ ဦး​ဖေသန်း​က ​ပြောပါတယ်။ ဦး​ဖေသန်း​ အပါအဝင် ​မြေပုံ၊​ ရ​သေ့​တောင်နဲ့​ ​ပေါက်​တောမြို့​နယ်​တွေက ကိုယ်စား​လှယ်ခုနှစ်ဦး​ကို ကြံ့​ခိုင်​ရေး​ပါတီက စွဲဆိုထား​တဲ့​ စွပ်စွဲချက်​တွေကိုလည်း​ ​ကော်မရှင်စစ်​ဆေး​နေပုံကို သူက ခုလို​ပြောပါတယ်။ “ရခိုင်တပြည်လုံး​မှာ RNDP ကို စွဲတဲ့​အမှု (၉) မှုလုံး​ အတူတူပဲ။ မဲရုံး​မှူး​တွေကိုပဲ အပြစ်ဖို့​ထား​တယ်။ ​နောက်ပြီး​ တချို့​တဝက်က ရွာသား​တွေကပဲ မတော်မတရား​လုပ်တယ်ဆိုပြီး​ အ​ကြောင်း​ပြချက်​တွေ ​သေး​သေး​လေး​တွေပါ။ အဲဒါမျိုး​နဲ့​ ဆွဲထား​တာ၊​ ပုံစံက​တော့​ အတူတူ​လောက်ပဲ။ ကျ​နော်တို့​လည်း​ ၁၃ ရက်​နေ့​က မဲ​ရေတယ်။ မဲ​ရေတဲ့​အခါမှာ ကျ​နော့်​ပြိုင်ဘက်ဖြစ်တဲ့​ ပြည်ခိုင်ဖြိုး​ပါတီက ဦး​ရွှေမန်း​တင်နဲ့​ မဲ​ရေ​တော့​ မဲရုံ ၂၆ ရုံမှာ စ​ရေတယ်။ သူတို့​ရှေ့​မှာပဲ​ရေပြီး​တော့​ ကျ​နော်က ၆၆ဝဖြစ်တယ်။ ဦး​ရွှေမန်း​တင်က ၇၄ မဲပဲရတယ်။ ​နောက်တ​နေ့​မှာ ဆက်​ရေမယ်လုပ်​တော့​ ဦး​ရွှေမန်း​တင်က မ​ရေပါနဲ့​တော့​ ကျ​နော်အရှုံး​ပေး​တယ်ဆိုပြီး​ သူကတင်ပြတယ်။ ဒါ​ပေမယ့်​ သူစွဲချက်​တွေရှိ​သေး​တာ​ပေါ့​။” ဇွန်လ ၁၄ ရက်​နေ့​က ​ကော်မရှင်ကချမှတ်တဲ့​ ဆုံး​ဖြတ်ချက်​တွေမှာလည်း​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီက ကိုယ်စား​လှယ်တဦး​နဲ့​ဒီမိုကရက်တစ်ပါတီ မြန်မာပြည်က ကိုယ်စား​လှယ်တဦး​တို့​ အနိုင်ရခဲ့​တယ်လို့​ သိရပါတယ်။ သူတို့​ကိုလည်း​ ပြိုင်ဘက်ကြံ့​ခိုင်​ရေး​ကိုယ်စား​လှယ်​တွေကပဲ တရား​စွဲခဲ့​တာဖြစ်ပါတယ်။ ရွေး​ကောက်ပွဲရလဒ်​တွေနဲ့​ပတ်သက်ပြီး​ ​ကော်မရှင်ကိုတိုင်ကြား​ထား​တဲ့​ အမှု​ပေါင်း​ ၂၉ မှု ရှိပြီး​၊​ ခုချိန်ထိ ၁၀ မှုကို ​ကော်မရှင်က ဆုံး​ဖြတ်ချက်ချထား​ပေး​ပြီး​ ဖြစ်ပါတယ်။ ဒီ၁ဝမှုစလုံး​ ကြံ့​ခိုင်​ရေး​က တိုင်ကြား​တဲ့​အမှု​တွေချည်း​ဖြစ်ပြီး​ ဒီမိုကရက်ပါတီ ကိုယ်စား​လှယ်​တွေချည်း​ အနိုင်ရခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up