အစ္စရေး တပ်ဖွဲ့ဝင်ကို ဓားဖြင့်တိုက်ခိုက်သည့်လူငယ် အသေပစ်သတ်ခံရ (ရုပ်သံ)

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေးလုံခြုံရေးအရံတပ်ဖွဲ့ဝင်တဦးကို ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ ပါလက်စတိုင်းလူငယ်တဦး သြဂုတ် ၁၅ ရက်နေ့က အသေပစ်သတ်ခံရတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ပါလက်စတိုင်းသမ္မတရုံးက ထုတ်ပြန်ချက်မှာတော့ ပစ်သတ်ခံရသူဟာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်း လူငယ်တဦးဖြစ်ပြီး ဒီဖြစ်ရပ်အတွက် အစ္စရေးအစိုးရမှာပဲ တာဝန်ရှိတယ်လို့ ဖော်ပြပါတယ်။ အစ္စရေးသိမ်းပိုက်နယ်မြေတွေမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာမှုကိုလည်း ပါလက်စတိုင်းသမ္မတ Mahmoud Abbas က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒီ့ဖြစ်ရပ်မတိုင်ခင် နာရီပိုင်းကလည်း အနောက်ဘက်ကမ်းက အဝေးပြေးလမ်း စစ်ဆေးရေးဂိတ်တခုမှာ အစ္စရေးတပ်ဖွဲ့ဝင်တဦးကို ဓားထိုးတိုက်ခိုက်ခဲ့တဲ့ ပါလက်စတိုင်းတဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားတယ်။ ဒီတိုက်ခိုက်မှု ၂ ခုလုံးမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်လုံးကတော့ အနည်းငယ်စီပဲ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ၂၀၁၄ ဧပြီကစပြီး အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းနိုင်ငံအဖြစ် တောင်းခံထားတဲ့ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ နှစ်ဖက် အကြမ်းဖက်တိုက်ခိုက်မှုတွေ တဖြည်းဖြည်းနဲ့ ပြန်လည်မြင့်တက်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up