A d v e r t i s e m e n t With Us

ဝါရှင်တန် တောမီး အရှိန်မြင့်မှုကြောင့် လူ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ(ရုပ်သံ)

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် မြောက်ဘက်ပိုင်းက အတွင်းပိုင်းဒေသမှာ တောမီးကြောင့် နယ်ခံ ၁၀၀၀ ကျော်ဟာ အိမ်တွေကနေ ထွက်ခွာခဲ့ရပါတယ်။ ချီလန်မြို့ အနီးတ၀ိုက်မှာ ခြောက်သွေ့ရာသီ ကာလဖြစ်ပြီး တောမီး လောင်ကျွမ်းတာ အရှိန်မြင့်နေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒီလိုပဲ အိုင်ဒါဟိုး၊ အိုရီဂွန်၊ မွန်တာနာ တို့မှာလည်း တောမီးလောင်နေပါတယ်၊ ဒါကြောင့် ဒေသတခုလုံးမှာ လူ ၁၀၀၀ ကျော်လာက်ကို အိမ်တွေကနေ ထွက်ခွာဖို့ ညွန်ကြားချက် ထုတ်ထားတယ်လို့ ဒေသန္တယ အုပ်ချုပ်ရေး ဌာန အရာရှိ စစ်မတ်နက်စန်  Rich Magnussen က ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသမှာလည်း တောမီးကြောင့် အိမ်နဲ့ အဆောက်အအုံ ၅၀ ကျော် ပျက်စီသွားပြီး မီးသတ်သမား ၂၀၀၀ အင်အားအသုံးပြု မီးငြိမ်းသတ်နေရတယ်လို့ ပြည်နယ်အစိုးရရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up