A d v e r t i s e m e n t With Us

ကနေဒါ တွင် မိကျောင်းကောင်ရေ ၁၅၀ ကျော် သိမ်းဆည်း

ကနေဒါနိုင်ငံမှာ မိကျောင်းတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသူတဦးဆီက ကောင်ရေ ၁၅၀ ကျော်ကို အွန်တေးရီးယိုပြည်နယ် တိရစ္ဆာန်ရုံတရုံက သိမ်းဆည်းခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ အိန္ဒိယမြစ်တိရစ္ဆာန်ရုံမှ ဘရိုင်လော့စ်တ်က “အစတုန်းကတော့ ဒါကိုစီးပွားရေး လုပ်ငန်းတခုလို လုပ်ခဲ့ပုံပါပဲ။ နောက်ပိုင်းမှာ မိကျောင်းတွေကို သံယောဇဉ်ဖြစ်ပြီး အိမ် မွေးတိရစ္ဆာန်အဖြစ် မွေးခဲ့တာဖြစ်နိုင်ပါတယ်”လို့ စီဘီစီရေဒီယိုသတင်းဌာနကို ပြောပါ တယ်။ “ကျနော်မြင်ရတာကို မယုံနိုင်ပါဘူး။ မိကျောင်းပေါက်ကလေးတွေမဟုတ်ဘူး။ အရွယ်ရောက်တဲ့ထိ ဒီမိကျောင်းတွေ အများကြီးကို တယောက်ယောက်က ထိန်းသိမ်းမွေး မြူခဲ့တယ်ဆိုတာ အံ့သြစရာပဲ။” အဲဒီမိကျောင်းတွေဟာ အနည်းဆုံးသက်တမ်း ၁၀ နှစ်နီးပါးေ မွးမြူခဲ့တာဖြစ်ပြီး တိုရန်တိုမြို့က တရားမ၀င်မိကျောင်းမွေးမြူသူအနေနဲ့ ကနေဒါနိုင်ငံဥပဒေအရ အမြင့် ဆုံးဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးဆောင်ရဖွယ်ရှိတယ်လို့ သတင်းကဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up