မိတ်လိုက် အမဲလိုက်ပုံ ကွဲပြားသည့် အပူပိုင်းဇုန် ရေဘ၀ဲ (ရုပ်သံ)

4.5K
ပစိဖိတ် အပူပိုင်းဇုန်က ရေဘ၀ဲတွေရဲ့ အမဲလိုက် မိတ်လိုက်တဲ့ ပုံဟာ တခြား ရေဘ၀ဲတွေနဲ့ မတူဘူးဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
တခြား ရေဘ၀ဲတွေက သားကောင်ကို လက် ၈ ခုနဲ့ ခုန်အုပ်ဖမ်းဆီးပေမယ့် ဒီရေဘ၀ဲကတော့ လက်တဖက်ကိုပဲ အသုံးပြုပြီး ဖမ်းဆီးတာ ဖြစ်ပါတယ်။ ဘာကလေက ဇီဝ ပညာရှင် ရိုင်ကပ်ဝဲလ်ကတော့ ဒီလိုမျိုးကို မတွေ့ဖူးဘူးလို့ ပြောပါတယ်။
ဒါအပြင် မိတ်လိုက်ရာမှာလည်း အမက တိုက်ခိုက် စားသောက်မှာကို ကြောက်လို့ အဝေးကနေ မိတ်လိုက်မယ့်အစား ဒီရေဘ၀ဲတွေကတော့ လက်က စုပ်ခွက်တွေနဲ့ အချင်းချင်းပွေ့ဖက်သလို ပါးစပ်ကနေလည်း နမ်းရှုပ် မိတ်လိုက်လေ့ရှိတယ်လို့ ရိုင်ကပ်ဝဲလ်က ပြောပါတယ်။
အမတွေကတော့ မကြာခဏဆိုသလို မိတ်လိုက်လေ့ရှိပြီး လမကြာခင် ဥတွေ ဥချပြီး သားပေါက်ရင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ရေဘ၀ဲအကြောင်း သာမန် အနည်းငယ် သိရှိထားတဲ့သူတွေအတွက် မတူကွဲပြားတဲ့ အပြုအမှုတွေ အတွက် ဒါဟာ ဥပမာ တခု ဖြစ်တယ်လို့ ကပ်ဝဲလ်က ပြောပါတယ်။