A d v e r t i s e m e n t With Us

ဒေါ်ကြည်ကြည် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပ

ဒျေွါကညျွကညျ
[caption id="attachment_10774" align="alignleft" width="300" caption="​ဒေါ်ကြည်ကြည်"][/caption] ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ ဥက္ကဋ္ဌဟောင်း  သခင်ဇင် (ကွယ်လွန်) ရဲ့​ ဇနီး​ ​ဒေါ်ကြည်ကြည် ကွယ်လွန်ခြင်း​ ၁၀ နှစ်ပြည့်​အခမ်း​အနား​ကို ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်း​က​နေ အိမ်ရှိရာ ၄၇/၄၉ ဓမ္မဝိဟာရလမ်း​ ​ကျောက်​မြောင်း​နေအိမ်မှာ ပြုလုပ်ခဲ့​ပါတယ်။ အခမ်း​အနား​ပွဲကို ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ​ဒေါ်ကြည်ကြည်ကို ​လေး​စား​သူ နိုင်ငံ​ရေး​နယ်ပယ်က မိတ်​ဆွေများ​ တက်​ရောက်ခဲ့​ပါတယ်။ ဒေါ်ကြည်ကြည်ဟာ ၁၉၂၀ ​မေလ ၁၈ ရက်မှာ ရန်ကုန်မြို့​မှာ ​မွေး​ဖွား​ခဲ့​ပြီး​ ၁၉၄၇ ​မေလမှာ သခင်ဇင်နဲ့​ လက်ထပ်ခဲ့​ပါတယ်။ ၁၉၄၈ မှာ ကွန်မြူနစ်ပါတီနဲ့​အတူ ​တောခိုခဲ့​ပြီး​ ၁၉၅၉ မှာသား​သမီး​ ၄ ဦး​နဲ့​အတူ ​တောတွင်း​တ​နေရာမှာအဖမ်း​ခံခဲ့​ရပြီး​ ​ထောင်ဒဏ် ၂ နှစ် ကျခံခဲ့​ရပါတယ်။ ၁၉၆၇ ဇူလိုင်လ ၈ ရက်မှ ၁၉၇၂ ​ဖေ​ဖော်ဝါရီ ၂၃ ရက်အထိ ဦး​နေဝင်း​အစိုး​ရရဲ့​ ဖမ်း​ဆီး​ထောင်ချခြင်း​ကို ၅ နှစ်ကြာ ခံခဲ့​ရပါတယ်။ အဲ​နောက် ၁၉၈၇ ဇန်နဝါရီ ၁၅ မှ ၁၉၈၈ ဇူလိုင် ၁၅ ရက်အထိ တနှစ်ခွဲအကြာ ထိန်း​သိမ်း​ခံရပြီး​ ၁၉၈၉ ဇူလိုင် ၂၁ မှ ၁၉၉၉ ဇူလိုင် ၁၁ ရက်အထိ ၁၀ နှစ်ကြာ ဖမ်း​ဆီး​ ​ထောင်ချခဲခဲ့​ရပြီး​ ၂၀၀၁ ဇွန်လ ၁၅ ရက်​နေ့​မှာ နှလုံး​ရောဂါနဲ့​ ကွယ်လွန်ခဲ့​တာ ဖြစ်ပါတယ်။ ဒေါ်ကြည်ကြည် ကွယ်လွန်ချိန်မှာ စာ​ရေး​ဆရာမကြီး​ လူထု​ဒေါ်အမာက သတ္တိ​ကောင်း​ပြီး​ အ​ပြောမာတဲ့​ မိန်း​မမို့​လို့​ နှ​မြောလိုက်ပါရဲ့​လို့​ လက်ကမ်း​ကြော်ငြာမှာ ​ရေး​ပေး​လောက်ရ​အောင် သတ္တိ​ကောင်း​သူ အမျိုး​သမီး​ကြီး​တဦး​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up