အက်စ်တွန်ဗီလာ ၀-၁ မန်ယူ (ရုပ်သံဟိုက်လိုက်)

2.1K
အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ဒီနေ့မနက်အစောပိုင်းက ကစားကြရမှာ မန်ယူက ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မန်ယူအတွက် အနိုင်ဂိုးကို ပထမပိုင်း ၂၉ မိနစ်မှာ ဂျန်နူဇက်က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူဟာဘောလုံးပိုင်ဆိုင်မူ ၅၄ ရာခိုင်နှုန်းနဲ့ပွဲကို ဦးဆောင်ကစားခဲ့ပါတယ်။
မန်ယူဟာ ရာသီအစ ၂ ပွဲကစား၊ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ သြဂုတ် ၁၆ ရက်နေ့မှာတော့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။