A d v e r t i s e m e n t With Us

ဆန္ဒပြပါတီဝင်များကို အန်အယ်လ်ဒီ ပါတီထုတ်ပယ်

ရန်ကုန် လှည်းကူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မကြိုက်နှစ်သက်တဲ့အတွက် လဲလှယ်ပေးပို့ ဆန္ဒပြခဲ့ကြတဲ့ လှည်းကူးမြို့နယ်က ပါတီဝင် ၂၃ ဦးကို ဗဟိုက ထုတ်ပယ်လိုက်ပါတယ်။ လှည်းကူးမြို့နယ် အလုပ်အမှုဆောင်အဆင့်တွေနဲ့ ရပ်ကျေးအလုပ်အမှုဆောင် ၂၃ ဦးကို ပါတီဝင်အဖြစ် ကနေ ရုပ်သိမ်းကြောင်း သြဂုတ် ၁၁ ရက်နေ့က အကြောင်းကြားစာပေး ပို့ထားပါတယ်။ လှည်းကူးမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေး ချယ်ပေးမှုကို မကြိုက်နှစ်သက်တဲ့အတွက် လှည်းကူးမြို့နယ် အဖွဲ့ချုပ်ဝင်တချို့က ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုအလားတူပဲ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒပြခဲ့ကြ တဲ့ ပခုက္ကူမြို့နယ်က ပါတီဝင် ၁၀ ဦးကိုလည်း သြဂုတ် ၁၀ ရက်နေ့က ဗဟိုက ထုတ်ပယ်ခဲ့ ပါတယ်။ ပါတီဝင်တွေကို ဗဟိုက အခုလို ကြေညာချက်ထုတ်ပြန်ပြီး ထုတ်ပယ်လိုက်ပေမယ့် ထုတ်ပယ်ခံရသူတွေကို ခေါ်ယူတွေ့ဆုံ သတိပေးတာမရှိခဲ့အတွက် အာဏာရှင်စနစ်ဆန်တယ် လို့ ပဲခူးမြို့နယ်က အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်သူနိုင်က ပြောပါတယ်။ “ကျနော် ပြောချင်တာက အမေ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောက်ခြေ အဆင့်တွေမျာ ဖြစ်ပေါ်နေတဲ့ ပြဿ နာရပ်တွေကို အမေလည်း အခုချိန်မှာ ဖြေရှင်းသင့်တယ်လို့ ကျနော်ယူဆတယ်ဗျာ။ ရွေးကောက်ပွဲနား နီးလာတာနဲ့အမျှ မြန်မြန်ဖြေရှင်းနိုင်ရင်တော့ အန်အယ်ဒီအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်တခုကို ရနိုင်ပါလိမ့်မယ်။ မရှင်းနိုင်ဘူးဆိုရင်တော့ အန်အယ်ဒီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆုံးရှုံးနိုင်တဲ့အနေအထားမှာ ရှိပါတယ်ဗျာ။ ” ပခုက္ကူက ပါတီဝင်တချို့ကို ထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီတော့လည်း သူ့အနေနဲ့ ပြန်ကြားရေးအဖွဲ့ဝင်အနေနဲ့ရော ပါတီအနေနဲ့ပါ နုတ်ထွက်စာတင်ထားတယ်လို့ပြောပါတယ်။ ဒီကိစ္စကို မကျေနပ်တဲ့ တခြားအဖွဲ့ဝင်တချို့လည်း နုတ်ထွက်မှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။ ပါတီဝင်ကနေ နုတ်ထွက်ကြတာဟာ အထူးဖြင့် ဖြစ်ပေါ်နေတဲ့ ပြဿ နာတွေကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သိစေချင်တာကြောင့် ဖြစ်တယ်လို့လည်း ဦးကျော်သူနိုင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up