Home
မြန်မာသတင်း
ပြည်သူ့ကောင်းကျိုးဆက်လုပ်သွားမည်ဟု သူရဦးရွှေမန်းပြောကြား
DVB
·
August 14, 2015
11224854_1619577271632528_2168594944124077391_n
အာဏာရကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်က ဖယ်ရှားခံရတဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြား လိုက်ပါတယ်။ ရာထူးက ဖယ်ရှားခံရပြီးနောက် သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြည်သူလူထုထံ ပထမဆုံး သတင်းစကားပါးထားတာဖြစ်ပါတယ်။ “စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအားမေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထား လေးစားတန်ဖိုးထားပြီး၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။အများအကျိုးဆောင်ရွက်နိုင်ကြပါစေ” လို့ သူရဦးရွှေမန်းရဲ့ စာမှာ ရေးသားထားပါတယ်။ သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၂ ရက်နေ့မှာ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တာဝန်ကနေ ဖယ်ရှားလိုက်ပြီး  ဒု- ဥက္ကဋ္ဌ ဦးဌေးဦးကို  အစားထိုးခန့် အပ်လိုက်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024