A d v e r t i s e m e n t With Us

အာကာသ ယာဉ်မှူးများကို အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ပေးမည့်အင်ဂျင် နာဆာတီထွင် (ရုပ်သံ)

အာကာသယာဉ်မှူးတွေကို အင်္ဂါဂြိုဟ်ကို ပို့ဆောင်ပေးနိုင်မယ့် အာရ်အက်စ်-၂၅ အမျိုးအစား အင်ဂျင်ကို မစ္စစပီမှာရှိတဲ့ စတန်းနစ် အာကာသယာဉ် ဌာနမှာ နာဆာက တီထွင်နေပါတယ်။ သြဂုတ် ၁၃ ရက်က သိပ္ပံပညာရှင်တွေက အင်ဂျင်ရဲ့ အပူချိန်ပြင်းအားနဲ့ ဖိအားခံနိုင်မှုကို ၉ မိနစ်ကြာ စမ်းသပ်ခဲ့ရာမှာ မီခိုးတွေ အမြောက်အမြားထွက်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေကို အင်္ဂါဂြိုဟ် အပါအ၀င် တခြား အာကာသက ဦးတည်ရာနေရာတွေကို ပို့ဆောင်ပေးမယ့် နာဆာရဲ့ အာကာသထဲ ဒုံးတွေကို ပစ်တင်တဲ့ စနစ်ရဲ့အင်ဂျင် ၄ ခုထဲမှာ အာရ်အက်စ် ၂၅ အင်ဂျင်ကတခု ဖြစ်ပါတယ်။ ဒီအင်ဂျင်တွေကို အနည်းဆုံး ၇ကြိမ်လောက် စမ်းသပ်ရမှာ ဖြစ်ပြီး ဒီစမ်းသပ်မှုက ၆ ကြိမ်မြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ သြဂုတ် ၂၇ ရက်မှာတော့ ၇ ကြိမ်မြောက်နဲ့ နောက်ဆုံး စမ်းသပ်မှုကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up