ကြည့်မြင်တိုင်မြို့နယ်တွင် မီးလောင် (ဓာတ်ပုံ)
မျိုးဇော်လင်း
·
August 14, 2015
ကြည့်မြင်တိုင်မြို့နယ် သီတာလမ်း အိမ်အမှတ် (၆၀) ၈ လွှာဝဲဘက်ခြမ်းမှာ ခြင်ဆေးမီးပေါ့စမှုကြောင့် အိမ်ခန်းတစ်ခန်းနဲ့ ထပ်ခိုးမီးလောင်ခဲ့ပါတယ်။ ဒီမီးလောင်မှုကို level 2 အဆင့်သတ်မှတ်ပြီး မီးသက်ကား အစီး ၂၃ စီး အုပ်ချုပ်မှုယာဉ် ၄ စီး ထောက်ကူပြုယာဉ် ၅ စီးနဲ့ငြိမ်းသတ်ခဲ့ပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီ မိနစ် ၂၀ အချိန်မှာ မီးစလောင်ပြီး မီးသက်ဦးစီးဌာန အနေနဲ့ ၁၂ နာရီ ၅၀ မိနစ်မှာ မီးလောင်မှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဆုံးရှုံမှုတန်ဖိုးအနေနဲ့ကတော့ ကျပ် ၂ သိန်းခွဲလောက်ရှိတယ်လို့ တိုင်းမီးသက်ဦးစီးမှူး ဦးသော်တာ က လောလောဆယ် သတ်မှတ်ထားပါတယ်။