A d v e r t i s e m e n t With Us

မြန်မာအလုပ်သမားများ ခွဲခြားခံရမှု အိုင်အယ်လ်အိုကို တိုင်ကြား

ထိုင်း​နိုင်ငံက မြန်မာအလုပ်သမား​တွေ ခွဲခြား​ခံရမှုကို ထိုင်း​ဖက်စပ်အလုပ်သမား​သမဂ္ဂ SERC က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်း​ပ​နေတဲ့​ အကြိမ် ၁ဝဝ ​မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ညီလာခံမှာ တိုင်ကြား​ စာတင်သွင်း​လိုက်ပါတယ်။ ဒီတိုင်ကြား​စာမှာ ထိုင်း​အစိုး​ရနဲ့​ထိုင်း​အလုပ်ရှင်​တွေဟာ မြန်မာအလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​ အခွင့်​အ​ရေး​တွေကို စနစ်တကျ ​ဖောက်ဖျက်​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။ SERC အကြံ​ပေး​ မစ္စတာစုန်း​ဘွန်း​ စက်ပစန်က “အလုပ်သမား​စောင့်​ရှောက်​ရေး​မှာ ထိုင်း​အစိုး​ရက နိုင်ငံခြား​အလုပ်သမား​တွေကို ထိုင်း​အလုပ်သမား​တွေနဲ့​ တန်း​တူ ကျင့်​သုံး​ဖို့​ အိုင်အယ်လ်အိုကို ကျ​နော်တို့​တင်ပြတယ်။ အထူး​သဖြင့်​ အလုပ်ခွင်အတွင်း​ မ​တော်တဆဖြစ်မှု​တွေမှာ တန်း​တူ ​လျော်​ကြေး​ပေး​ဖို့​။ ဒီကိစ္စမှာ ထိုင်း​အစိုး​ရက နည်း​အမျိုး​မျိုး​နဲ့​ ​ခေါင်း​ရှောင်​နေတယ်။ အလုပ်သမား​ဝန်ကြီး​ဌာနက ​လျော်​ကြေး​အစား​ အထူး​ထောက်ပံ့​ငွေကို​ပေး​ဖို့​လုပ်လာတယ်။ ဒါမမှန်ဘူး​ခင်ဗျ။ ကျ​နော်တို့​ ထိုင်း​နိုင်ငံမှာလာပြီး​လုပ်တဲ့​ နိုင်ငံခြား​အလုပ်သမား​တွေအ​ပေါ် တန်း​တူ ​စောင့်​ရှောက်မှု​တွေ​ပေး​ တာကို ကျ​နော်တို့​ကလည်း​ လုပ်ရမယ်ဗျ။ ကျ​နော်တို့​ထိုင်း​တွေက နိုင်ငံခြား​မှာ အလုပ်သွား​ လုပ်တဲ့​အခါမှာ အဲဒီနိုင်ငံက ခုလို ခွဲခြား​ကျင့်​သုံး​တာ​တွေကို မလုပ်လာ​အောင် ကျ​နော်တို့​နိုင်ငံမှာ လာလုပ်တဲ့​ အလုပ်သမား​တွေကို တန်း​တူ ကျင့်​သုံး​ပြဖို့​လိုတယ်” လို့​ ​ပြောပါတယ်။ SERC က အိုင်အယ်လ်အိုကို တိုင်ကြား​ချက်နဲ့​ပတ်သက်ပြီး​ ထိုင်း​အစိုး​ရ လူမှု​ရေး​ထောက်ပံ့​ အာမခံဌာနအတွင်း​ရေး​မှူး​ မစ္စတာ ပန်ဝမ်နဖိနစ်က အလုပ်သမား​မှတ်ပုံတင်မရှိတဲ့​ မြန်မာအလုပ်သမား​တွေဟာ ဥပ​ဒေအရဆိုရင် ပြည်ခိုး​ဝင်မှုနဲ့​အ​ရေး​ယူပြီး​ မူရင်း​နိုင်ငံကို ပြန်ပို့​လိုက်ရမယ့်​သူ​တွေဖြစ်တယ်လို့​ မီဒီယာ​တွေကို ​ပြောပါတယ်။ ဒါ​ပေမယ့်​ အရမ်း​များ​လွန်း​လို့​ ဖမ်း​ချုပ်ထား​ဖို့​နေရာ ထိုင်း​မှာမရှိတဲ့​အတွက် သူတို့​ကို ပြန်မပို့​ခင်စပ်ကြား​မှာ ဖမ်း​ချုပ်မထား​ဘဲ အလုပ်လုပ်ပြီး​ ကိုယ့်​စား​စရိတ်ကိုယ် ရှာ​ဖွေနိုင်ကြဖို့​ တနှစ်စာ ယာယီအလုပ်လုပ်ခွင့်​ကို ​ပေး​ထား​တာ ဖြစ်ပြီး​ ​နောက်ပိုင်း​မှာ နိုင်ငံသား​စိစစ်​ရေး​တွေ လုပ်​ပေး​တာ​တွေရှိလာပြီး​ တချို့​အလုပ်သမား​တွေဟာ တရား​ဝင်ဖြစ်လာ​ကြောင်း​၊​ တရား​ဝင် ဖြစ်ပြီး​တဲ့​ အလုပ်သမား​တွေကိုသာ ထိုင်း​အလုပ်သမား​တွေနဲ့​ အဆင့်​တူ လူမှု​စောင့်​ရှောက်​ရေး​ဌာနက ခံစား​ခွင့်​တွေ ​ပေး​တာ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ယာယီ ထိန်း​သိမ်း​ထား​ခံရသူ​တွေ မ​တော်တဆထိခိုက်ဒဏ်ရာ ရတာ​တွေဖြစ်ပွား​ရင် သူတို့​ရဲ့​အလုပ်ရှင်​တွေက သာတာဝန်ယူရမှာဖြစ်ပါတယ်လို့​လည်း​ မီဒီယာ​တွေကို ရှင်း​လင်း​ပြောကြား​ပါတယ်။ ထိုင်း​နိုင်ငံ ဖက်စပ် အလုပ်သမား​ သမဂ္ဂ SERC အကြံ​ပေး​က​တော့​ တရား​ဝင်လက်မှတ်ကိုင်​ဆောင်ထား​သူ​တွေကို ထိုင်း​အလုပ်သမား​တွေနဲ့​တန်း​တူ ​စောင့်​ရှောက်မှု​တွေ ​ပေး​နိုင်တဲ့​ လက်​တွေ့​ကျတဲ့​ ဥပ​ဒေ ​ရေ​ရေရာရာမရှိ​သေး​ဘူး​လို့​ဆိုပါတယ်။ အိုင်အယ်လ်အို အလုပ်သမား​ညီလာခံကို တိုင်စာတင်တဲ့​နေ့​မှာပဲ SERC ဟာ မ​နေ့​က ဘန်​ကောက်မြို့​ ကုလသမဂ္ဂရုံး​ရှေ့​မှာ ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့​ပါတယ်။ ဒီဆန္ဒပြပွဲမှာ မြန်မာအလုပ်သမား​တွေကို ထိုင်း​အစိုး​ရက ​စောင့်​ရှောက်မှု ပျက်ကွက်တာ​တွေနဲ့​ ပတ်သက်ပြီး​ အိုင်အယ်လ်အိုက ထိုင်း​အစိုး​ရကို စုံစမ်း​စစ်​ဆေး​ရေး​လုပ်ဖို့​ ​တောင်း​ဆိုကြတယ်လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up