A d v e r t i s e m e n t With Us

ရေဘေးသင့် ဒေသများတွင် မြေမြှုပ်မိုင်းသတိထားရန် ယူနီဆက်ဖ်ထုတ်ပြန်

ရေဘေးဒဏ်သင့်ဒေသက ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်း (သို့မဟုတ်) ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို တွေ့ရှိရင် ထိတွေ့ကိုင်တွယ်ခြင်းမပြုဘဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တွေ့တွေ့ချင်းအကြောင်းကြားဖို့ ယူနီဆက်ဖ်မြန်မာက အရေးကြီးသတင်းထုတ်ပြန်ပါတယ်။ “ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေကြောင့် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ နေရာရွေ့သွားလေ့ရှိပြီး ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေဟာ ရေမြုပ်သွားသည့်တိုင် အန္တရာယ်ရှိဆဲဖြစ်ပါတယ်” လို့  အရေးကြီးသတင်းထုတ်ပြန်ချက်ကဆိုပြီး ဒီသတင်းစကားကို ရေဘေးသင့်ပြည်သူတွေကို ဖြန့်ဝေကြဖို့ နှိုးဆော်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up