အာဆီယံ ဘောလုံးထူးချွန်ဆု ချီးမြှင့်ပွဲ ရန်ကုန်တွင် ကျင်းပမည်

979
အာဆီယံဘောလုံးအဖွဲ့ချုပ်က ၂ နှစ်တကြိမ် ရွေးချယ်ပေးအပ်တဲ့ AFF Awards ဒေသတွင်း ဘောလုံးထူးချွန်ဆု ချီးမြှင့်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟော်တယ်မှာ ကျင်းပဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အာဆီယံဒေသတွင်း အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးအသင်း၊ အကောင်းဆုံးကစားသမားနဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး ဒီနှစ်အတွက်တော့ ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ ၂၀ အသင်း နည်းပြချုပ်နဲ့ ကစားသမားတွေလည်း ဆုရနိုင်တယ်လို့ ခန့်မှန်းချက်တွေ တွက်ပေါ်နေပါတယ်။