နိုင်ငံခြားသားများကို ရည်းစားထားလိုသည့် ထိုင်းအမျိုးသမီးများ သတိပေးခံရ (ရုပ်သံ)

ထိုင်းနိုင်ငံမှာနေတဲ့ အနောက်တိုင်းသားတဦးက နိုင်ငံခြားသားတွေကို ရည်းစားထားဖို့ အတွေးက ဖြစ်နိုင်တဲ့ အတွေးမဟုတ်ဘူးလို့ ထိုင်းအမျိုးသမီးတွေကို သတိပေးလိုက်ပါတယ်။ အရင်ရက်ပိုင်းက သူငယ်ချင်းတဦးအတွက် ရည်းစားရှာပေးဖို့ လှုပ်ရှားမှုတခု လုပ်ခဲ့ရာမှာ ထိုင်းအမျိုးသမီး အများစုက သူ့ကို ရည်းစားရှာပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဂျက်ဘရောင်းက ကိုယ့်ကိုယ်ကိုယ် ဗွီဒီယို ရိုက်ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တဲ့ ရုပ်သံဖိုင်ကို ထိုင်းလူမှုရေး ကွန်ရက်ပေါ်မှာ ပျံ့နှံသွားပြီး ထိုင်းအမျိုးသမီး အများစုက သဘောတူတဲ့ မှတ်ချက်တွေ ရေးသားထားပါတယ်။ ထိုင်းမှာ ကောင်းတဲ့ နိုင်ငံခြားသား ရာခိုင်နှုန်းက နည်းသလို အနည်းငယ်ကပဲ ငွေကြေး အဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါအပြင် နိုင်ငံခြားသားတွေက နောက်ဆုံးမှာ သူ့တိုင်းပြည်ကို ပြန်မှာ ဖြစ်တဲ့အတွက် ဆက်ဆံရေးက ကြာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်က ရုပ်သံဖိုင်ကို ရှဲလုပ်သူ ၃၃၀၀ ကျော်ပြီး မှတ်ချက်ရေးသူ ၉၀၀ နီးပါး ရှိခဲ့ပါတယ်။ သတင်းရုပ်သံ - ဘန်ကောက်ပို့စ်

More News
Up