မိုးသည်းထန်ပြီး တောင်ပြိုမှုကြောင့် မင်းတပ်-မတူပီကားလမ်း ပြတ်တောက် (ဓာတ်ပုံ)
DVB
·
August 14, 2015
ချင်းပြည်နယ် မတူပီမြို့ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မင်းတပ်-မတူပီ ကားလမ်းမကြီးဟာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုမှုတွေကြောင့် ဇူလိုင် ၂၅ ရက်ကတည်းက ပြတ်တောက်သွားပါတယ်။
သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက အခု သြဂုတ်လကုန်မှာ ကားလေးတွေနဲ့ ကားလမ်းကို ပြေးဆွဲအသုံးပြုနိုင်ဖို့ ကြိုးစားသွားမယ်ဆိုပေမယ့် ဒေသခံတွေကတော့ ဒါ့ထက်ကြာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
မတူပီနဲ့ ဆက်သွယ်နေတဲ့ ပလက်ဝမြို့၊ ရေဇွာမြို့တွေလည်း ဆက်သွယ်ရေးလမ်း ပြတ်တောက်နေပြီး မတူပီမြို့နယ်တွင်း ကျေးရွာတချို့လည်း ဆက်သွယ်မှု ပြတ်တောက်နေပါတယ်။
ဓာတ်ပုံ - မြင့်နိုင်