အင်္ဂလန်အသင်း မအောင်မြင်လျှင် အလုပ်ဆုံးရှုံးမည်ဟု နည်းပြကို သတိပေး

ဓာတ်ပုံ - ရိုက်တာ
3.7K
ယူရို ၂၀၁၆ မှာ အင်္ဂလန်အသင်း အောင်မြင်မှု မရဘူးဆိုရင် နည်းပြ ဟဒ်ဆန်အနေနဲ့ သူ့ရဲ့အလုပ်ကို ဆုံးရှုံးလိမ့်မယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ရဲ့ အမှုဆောင်အကြီးအကဲ မာတင်ဂလဲန်းက ပြောကြားလိုက်ပါတယ်။
အသက် ၆၈ နှစ်အရွယ် နည်းပြ ဟဒ်ဆန်ဟာ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ဖိအားတွေနဲ့ ရင်ဆိုင်နေရသူပါ။
ယူရို ၂၀၁၆ ခြေစစ်ပွဲ ကစားရာမှာတော့ ၆ ပွဲကစား ၆ ပွဲ နိုင်နဲ့ အုပ်စု E မှာ အုပ်စုဒုတိယ ကို ၆ မှတ် ဖြတ်ပြီး ဦးဆောင်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ ပြင်သစ်မှာ ကျင်းပပြုလုပ်မယ့် ယူရို ၂၀၁၆ မှာ ထပ်မံခြေချော်ခဲ့မယ်ဆိုရင်တော့ ဟဒ်ဆန်ရဲ့ အနာဂတ် သေချာမှာ မဟုတ်ဘူးလို့ အက်ဖ်အေရဲ့ အမှုဆောင်အကြီးအကဲ ဂလဲန်းက ပြောပါတယ်။