A d v e r t i s e m e n t With Us

တောင်ကိုရီးယား သမ္မတရုပ်ပုံ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ပစ်ခတ်သည့်ရုပ်သံ ပြသ

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ တောင်ကိုရီးယားသမ္မတ ရုပ်ပုံကို ပစ်ခတ်လက်တည့်စမ်းနေတဲ့ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားမှာ သြဂုတ် ၁၂ ရက်က ပြသပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ နိုင်ငံတောင်ပိုင်းက ပြည်နယ်တခုမှာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပုံတွေကိုလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။ ကိုရီးယားပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရက အခုလို တောင်ကိုရီးယားသမ္မတပုံကို အခုလို လက်တည့်စမ်း ပစ်ခတ်ခဲ့တာကို အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အဲ့ဒီလိုရန်လိုတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ တာင်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံအပေါ် ရန်လိုတဲ့လုပ်ရပ်တွေဟာ မြောက်ကိုရီးယားနိုင်ငံကို ပိုပြီးအထီးကျန်စေမယ်လို့လည်း ပြောဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က နှစ်နိုင်ငံနယ်စပ်မှာ မြောက်ကိုရီးယားနိုင်ငံက ထောင်တဲ့မြေမြှုပ်မိုင်း နင်းမိပြီး တောင်ကိုရီးယား စစ်တပ်အရာရှိ ၂ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲပြီး အဆုံးသတ်ခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။ နှစ်နိုင်ငံ နယ်စပ်တလျှောက် စစ်တပ်ကင်းမဲ့ဇုန်ကို သတ်မှတ်ထားပြီး နယ်ခြားမျဉ်းရဲ့ နှစ်ဖက်စလုံးမှာတော့ လက်နက်အကြီးအကျယ် တပ်ဆင်ထားတဲ့ စစ်သည်အင်အား ၁ သန်းကျော်ကို တပ်ချထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up