A d v e r t i s e m e n t With Us

တရုတ်ယွမ်ငွေ တန်ဖိုး လျှော့ချ၍ ပို့ကုန်တန်ဖိုး မြင့်တက်လာရန် မျှော်လင့်

ဓာတ်ပုံ - ရိုက်တာ
တရုတ်ယွမ်ငွေ တန်ဖိုးကို လျှော့ချလိုက်တာကြောင့် ပို့ကုန်တန်ဖိုး မြင့်တက်လာဖို့ မျှော်လင့်တယ်လို့ တရုတ်ကုန်သွယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ ၀န်ကြီးဌာန လက်အောက်က တရုတ်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ကျန်းယူကျန်းက ယွမ်ငွေတန်ဖိုးကို လျော့ချလိုက်တဲ့အတွက် ဇူလိုင်လမှာ ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ ပို့ကုန်တန်ဖိုးမှာ အတက်ပြလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံတော်ဗဟိုဘဏ်က ယွမ်ငွေတန်ဖိုးကို ၂ ရာခိုင်နှုန်းနီးပါး လျှော့ချလိုက်တာဟာ ဈေးကွက်ကို အကောင်းဆုံး တုံ့ပြန်လိုက်တဲ့ စီမံခန့်ခွဲမှုနည်းလမ်း ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောပေမယ့် စီးပွားရေးပညာရှင်တွေကတော့ ဒါဟာ တရုတ်ပို့ကုန်တွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သုံးသပ်ကြပါတယ်။ ဟောင်ကောင်မှာ အခြေစိုက်တဲ့ လုံခြုံရေးအာမခံလုပ်ငန်း (ဂျီအီးအို) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဖရန့်စစ် လမ် (Francis Lun) ရဲ့ အမြင်အရ ဒေါ်လာနဲ့ လဲလှယ်ရာမှာ တရုတ်ယွမ်ငွေတန်ဖိုး မြင့်မားနေတာကြောင့် တရုတ်ပို့ကုန်ပစ္စည်းတွေရဲ့ တန်ဖိုး မြင့်မားနေပြီး ၁၀ နှစ်အတွင်း မှတ်တမ်းတွေအရ တရုတ်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ၈ ဆခွဲကျော် မြင့်မားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း အမေရိကန်နဲ့ မတိမ်းမယိမ်း အခြေအနေကို ရောက်လာပြီး တရုတ်ပစ္စည်းတွေ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း အားပျော့လာတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အခုလို ယွမ်ငွေတန်ဖိုးကို ၂ ရာခိုင်နှုန်း လျှော့ချလိုက်ရုံနဲ့ စီးပွားရေး တစုံလုံးကို သိသိသာသာ သက်ရောက်ဖို့တော့ မရှိဘူးလို့ သုံးသပ်ပါတယ်။ တရုတ်ပြည်ဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း စီးပွားရေး ၇ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် စီးပွားရေး ပညာရှင်တွေရဲ့အမြင်အရ ရည်မှန်းချက်ကို ပြည့်မီဖို့ ခက်ခဲမယ်လို့ ဆိုပါတယ်။ အကယ်၍ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရင်တောင် တရုတ်စီးပွားရေးဟာ ၂၅ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးနှုန်း ဖြစ်ပါလိမ့်မယ်။

A d v e r t i s e m e n t With Us

More News
Up