A d v e r t i s e m e n t With Us

အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်

ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ​ဒေါ်နွဲ့​နွဲ့​မူ အသက် (၆၁) နှစ်ဟာ ဇွန်လ ၁၃ ရက် မနက် ၆နာရီ​လောက်က ရန်ကုန်မြို့​၊​ ပြည်သူ့​ဆေး​ရုံသစ်မှာ အစာအိမ်​သွေး​ကြော​ပေါက်ပြီး​ ကွယ်လွန်သွား​ပါတယ်။ ဒေါ်နွဲ့​နွဲ့​မူကို ၁၉၅ဝ ပြည့်​နှစ် ဩဂုတ်လ ၁၈ ရက်​နေ့​က ဟင်္သာတမြို့​မှာ ဖခင်ဖြစ်သူ ဦး​သော် (ပညာ​ရေး​ဌာနဝန်ထမ်း​) နဲ့​ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ​ဒေါ်သိန်း​ရှင်တို့​က ​မွေး​ဖွား​ခဲ့​ပြီး​ သား​သမီး​ငါး​ဦး​အနက် တတိယ​မြောက် သမီး​ဖြစ်ပါတယ်။ ၁၉ရဝ ပြည့်​နှစ်​ကျော်ကာလ​တွေတုန်း​က မြန်မာ့​ရုပ်ရှင်​လောကမှာ ​အောင် မြင်တဲ့​ မင်း​သမီး​တဦး​အဖြစ် ရုပ်ရှင် ဇာတ်ကား​ပေါင်း​ ရာနဲ့​ချီရိုက်ကူး​ခဲ့​ပြီး​ ၁၉၇၅ ခုနှစ်မှာ ​နော်ကူး​မ ဇာတ်ကား​နဲ့​ အကယ်ဒမီရခဲ့​ပါတယ်။ ထို့​နောက် ရုပ်ရှင်​လောကနဲ့​ ဆယ်စုနှစ် ၂ ခု​ကျော် အဆက်ပြတ်ခဲ့​ပြီး​တဲ့​ ​နောက် လွန်ခဲ့​တဲ့​ ၈ နှစ်​လောက်ကမှ ဗီဒီယိုဇာတ်လမ်း​တွေမှာ ပြန်လည်သရုပ် ​ဆောင်ခဲ့​ပါတယ်။ အနုပညာမျိုး​ရိုး​ရှိသူဖြစ်ပြီး​ ကွယ်လွန်သွား​တဲ့​ နာမည်​ကျော်သရုပ်​ဆောင် ​ဒေါ်ကြည်ကြည်​ဌေး​ရဲ့​တူမအရင်း​လည်း​ ဖြစ်ပါတယ်။ သူရဲ့​ထင်ရှား​တဲ့​ ရုပ်ရှင်ကား​တွေက​တော့​ သမန်း​ကျား​၊​ ငယ်ကျွမ်း​ဆွေ၊​ အကယ်ဒမီရတဲ့​ ​နော်ကူး​မ၊​ ​နေခြည်ဖြာမှ ​နွေး​သော​ကြောင့်​၊​ မမုန်း​လေနဲ့​ငပလီ၊​ ပျဉ်း​မငုတ်တိုစတဲ့​ ရုပ်ရှင်ကား​တွေဖြစ်ပါတယ်။ ဒေါ်နွဲ့​နွဲ့​မူရဲ့​ သရုပ်​ဆောင် အနုပညာနဲ့​ပတ်သက်ပြီး​ ရုပ်ရှင်သရုပ်​ဆောင် ကို​ကျော်သူက ခုလို အမှတ်တရ ​ပြောပါတယ်။ “​ဒေါ်နွဲ့​နွဲ့​မူက ​နောက်ပိုင်း​ ကျ​နော်နဲ့​ အ​မေဇာတ်လမ်း​တွေရိုက်ဖူး​တယ်။ အစ်မအ​နေနဲ့​လည်း​ ရိုက်ဖူး​တယ်။ အ​မေနွဲ့​မူက မိဘ​မေတ္တာ ဇာတ်လမ်း​တွေမှာ နိုင်နင်း​ပါတယ်။ ကရင်လူမျိုး​တွေရဲ့​စရိုက်ကို ​ကောင်း​ကောင်း​သရုပ်​ဆောင်နိုင်တယ်။ ကရင်​လေသံရ​အောင် ​ပြောနိုင်တယ်။ ဟန်ပန်​ကော၊​ တကယ့်​အနုပညာမှာ အနု ပညာက​ဝေလို့​တောင် ​ပြောလို့​ရတယ်။” ဒေါ်နွဲ့​နွဲ့​မူရဲ့​ ရုပ်အ​လောင်း​ကို ဇွန်လ ၁၅ ရက်​နေ့​ မနက် ၁ဝ နာရီမှာ ဗား​ဂ ရာ ခရစ်ယာန်ဘုရား​ကျောင်း​ကို ပို့​ဆောင်ကာ ဝတ်ပြုကိုး​ကွယ်ပြီး​ အဲဒီကမှတဆင့်​ ​ရေ​ဝေး​ ခရစ်ယာန်သုသန်သို့​ ပို့​ဆောင်ဂူသွင်း​မယ်လို့​ သိရပါတယ်။ ဒေါ်နွဲ့​နွဲ့​မူ ကွယ်လွန်ချိန်မှာ သား​တဦး​၊​ သမီး​တဦး​ ကျန်ရစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up