A d v e r t i s e m e n t With Us

“ကျနော်ပါတီအထွေထွေအတွင်းရေးမှူး မဟုတ်တော့ဘူး” – ဦးမောင်မောင်သိမ်း

ဦးမောင်မောင်သိမ်း
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က သူဟာ လက်ရှိ ပါတီအထွေထွေအတွင်းရေးမှူး မဟုတ်တော့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ ညက လုပ်တဲ့ပါတီစည်းဝေးပွဲကို သူ မတက်ခဲ့ရသလို အခု လုပ်နေတဲ့ ပါတီစည်းဝေးပွဲကိုလဲ သူ မတက်ရဘူးလို့ ဆိုပါတယ်။ အခြေအနေတွေ တင်းမာရှုပ်ထွေးနေလို့ ဖြစ်စဉ်တွေအပေါ် သုံးသပ်ပြောဆိုဖို့ မဖြစ်နိုင်သေးဘူး လို့လဲ ပြောပါတယ်။ အန်ကယ်တို့ပါတီ ညက စည်းဝေးပွဲ လုပ်တယ် ကြားလို့ပါ။ “လောလောဆယ် ကျနော် အိမ်မှာပဲ ရှိပါတယ်။ ညက အစည်းအဝေးလဲ ကျနော် မပါပါဘူး။ အခုလဲ သူတို့ စည်းဝေးပွဲလုပ်နေတယ်။ ကျနော် မပါပါဘူး။ အခြေအနေက နည်းနည်းလေး ပြောဖို့ ခက်နေပါတယ်။ ရှုပ်ထွေးနေပါတယ်။” လက်ရှိ ပါတီစည်းဝေးပွဲ လုပ်နေတယ်ပေါ့။ “လုပ်နေပါတယ်။” အန်ကယ့်ကို မခေါ်ဘူးပေါ့ “မခေါ်ဘူးခင်ဗျ။” အန်ကယ်တယောက်ထဲလားခင်ဗျ။ “အခု ကျနော် အိမ်မှာ တယောက်ထဲပါခင်ဗျ။ တယောက်ထဲလားဆိုတာ တခြား ဘယ်သူတွေ ခေါ်တယ် မခေါ်ဘူးဆိုတာ ကျနော်လည်း သေချာ မသိဘူး။” ပါတီအထွေထွေအတွင်းရေးမှူး မပါဘဲ အစည်းအဝေးလုပ်တယ်ဆိုတာ အန်ကယ် ဘယ်လို သုံးသပ်ချင်လဲ။ “ကျနော် အထွေထွေအတွင်းရေးမှူး မဟုတ်တော့လို့ပါခင်ဗျ။” အန်ကယ်တို့ပါတီ ဖွဲ့စည်းပုံပြင်လိုက်ပြီလားခင်ဗျ။ “သူတို့ လုပ်နေကြတာပဲပေါ့ဗျာ။ ကျနော်တော့ မသိတော့ဘူး။” အဲ့ဒီအပေါ်မှာရော ဘယ်လို သုံးသပ်ချင်လဲဗျ။ “ကျနော်ပြောဖို့ နည်းနည်းခက်ခဲပါသေးတယ်ဗျ။ ဒီအချိန်မှာ ပြောရင်လည်း မကောင်းသေးပါဘူး။ သီးခံပေးပါနော်။”

A d v e r t i s e m e n t With Us

More News
Up