A d v e r t i s e m e n t With Us

တရုတ်တွင် ဓာတုပစ္စည်းကုန်လှောင်ရုံပေါက်ကွဲ၊ ၁၇ ဦးသေဆုံး ၄၀၀ ဦးဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ သြဂုတ်လ ၁၂ ရက်နေ့ မနေ့ညက ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၇ ယောက်ရှိပြီလို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ လူအယောက် ၄၀၀ လောက် ဒဏ်ရာရပြီး ၃၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ မီးသတ်ကား အစီး ၁၀၀ လောက် အခင်းဖြစ်ရာကို ရောက်လာခဲ့တာပါ။ ဘင်းဟန် မြို့သစ်ရပ်က အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံမှာ ည ၁၀ နာရီ မိနစ် ၅၀ လောက်မှာ မီးလောင်ခဲ့ပါတယ်။ ပေါက်ကွဲမှုတွေ ည ၁၁ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့လို့ ကုန်လှောင်ရုံကနေ မီးလုံးကြီးတွေ ပေါက်ကွဲ ထွက်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ပျံ့နှံ့ခဲ့တဲ့ မီးကို အမြန်ငြှိမ်းသတ်ဖို့ အာဏာပိုင်တွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ပေးခဲ့ပါတယ်။ ပြည်သူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဘေးကင်းတာ သေချာစေရေး ဒဏ်ရာရသူတွေကို ကယ်ဆယ် ကုသရေးကို အပြည့်အဝ အားထုတ်ဖို့လည်း မိန့်ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ် လီကီချန်ကလည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံးဖြစ်အောင်နဲ့ ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ အားကုန်ထုတ် ကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်။ လူဦးရေ ၁၅သန်းရှိတဲ့ တီယန်ကျင့်မြို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး မြို့တွေထဲက တမြို့ပါ။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းတွေထဲက တခုလည်း ဒီမြို့မှာ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up