A d v e r t i s e m e n t With Us

ပြည်ထောင်စုဝန်ကြီး ၄ ဦးနှင့် ဒုဝန်ကြီး ၄ ဦးကို တာဝန်မှ နုတ်ထွက်ခွင့်ပြု

ပြည်ခိုင်ဖြိုးပါတီကနေ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မဲ့  ပြည်ထောင်စုဝန်ကြီး ၄ ဦးနဲ့ ပြည်ထောင်စုဒုဝန်ကြီး ၄ ဦးတို့ကို သူတို့ရဲ့သဘောဆန္ဒနဲ့ သမ္မတဦးသိန်းစိန်က တာဝန်ကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့ ည ၈ နာရီ နိုင်ငံပိုင်သတင်းမှာ ကြေညာပါတယ်။ ဒါအပြင် လက်ရှိ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကျော်ညွန်နဲ့ ဗိုလ်ချုပ်တင်အောင်ချစ်တို့ကို အစိုးရအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ပြီး တပ်မတော်ရဲ့ မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ရာထူးက နုတ်ထွက်သွားတဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့ သမ္မတရုံး အမှတ် (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဌေး ဖြစ်ပါတယ်။ ပြည်ထောင်စုဒုတိယဝန်ကြီးတွေကတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေး၊ သာသနာရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး၊ သမ၀ါယမ၀န်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်း နဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဖြစ်ကြပါတယ်။ ပြည်ထောင်စုရာထူးဝန် ဒေါက်တာကျော်ကျော်ဌေးကိုလည်း ရာထူးက နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က  ဗိုလ်ချုပ်သန်းထွဋ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တဲ့အကြောင်းကို မနေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up