အမျိုးသမီးများ၏ ဘောလုံး စွမ်းရည်ကို ပြသ (ရုပ်သံ)

အမျိုးသမီး ပြေးခုန်ပစ်သမားတွေရဲ့ လစာနဲ့ မီဒီယာတွေက ရေးသားနေမှုတွေဟာ မျှတမှုမရှိတာကို မီးမောင်းထိုးပြဖို့အတွက် MaxMan.tv က အမျိုးသမီးတွေရဲ့ ဘောလုံးစွမ်းရည် ပြသထားတဲ့ ဗွီဒီယိုဖိုင်ကို ပြသလိုက်ပါတယ်။ အမျိုးသမီး ဘောလုံးသမား ၂ ဦး ရာကွေး ဘန်နက်တီနဲ့ အဲလက်စ်ဖောင်ဂရေးတို့က အမျိုးသား တသိုက်နဲ့အတူ ဘောလုံးကစားရင်း ဘောလုံးစွမ်းရည် ပြသလိုက်တဲ့ ရုပ်သံလည်း ဖြစ်ပါတယ်။ အနီရောင် နွေရာသီဝတ်စုံနဲ့ နွမ်းနယ်နေတဲ့ အဖွားအိုအဖြစ် အမျိုးသမီး ၂ ဦး ရုပ်ဖျက်ပြီး ဘောလုံးကစားဖို့ တောင်းဆိုတာကို အမျိုးသားတွေက ဈေးဝယ်ထွက်မယ့်သူ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အမျိုးသမီး ၂ ဦးက ဘောလုံးပွဲကို ပါဝင်ကစားခဲ့ပြီး သူတို့ရဲ့ ဘောလုံးစွမ်းရည်တွေကို ပြသပြီး ဂိုးတွေ သွင်းယူသွားတဲ့ ရုပ်သံလည်း ဖြစ်ပါတယ်။ ဒီဗွီဒီယိုက ပေးချင်တဲ့ အချက်အလက်ကတော့ အမျိုးသမီးတွေရဲ့ ဘောလုံးစွမ်းရည်ကို လျှော့မတွက်ဖို့ဘဲ ဖြစ်ပါတယ်။

More News
Up