A d v e r t i s e m e n t With Us

တရုတ် မြေပြို လူ ၄၀ ပျောက် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မြေပြိုမှုကြောင့် ပျောက်ဆုံးနေတဲ့ လူ ၄၀ ကို ရှာဖွေရေး လုပ်သားတွေက ရှာဖွေနေပါတယ်။ သြဂုတ် ၁၂ ရက် ဒေသစံတော်ချိန် မနက် ၀၀.၃၀ နာရီမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် ရှန်ရန်းစီရင်စုက သတ္တုတူးဖော်တဲ့ ကုမ္ပဏီက အိပ်ဆောင် ၁၅ ခုနဲ့ အိမ် ၃ လုံး မြေထဲမြုပ်သွားတယ်လို့ ဆင်ဟွာ သတင်းက ထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့၊ မီးသတ်သမား၊ သတ္တုတွင်း ကယ်ဆယ်ရေးလုပ်သားတွေက အခင်းဖြစ်သွားတဲ့ နေရာတွေကို ရောက်ရှိပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေသလို ဒီအနီးအနားက နေအိမ်တွေကို ပြောင်းရွှေ့ခိုင်းထားတယ်လို့ သတင်းက ဆိုပါတယ်။ လူ ၄ ဦးကို တွေ့ရှိခဲ့ပြီး ကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ခဲ့သလို သူတို့ အခြေအနေက တည်ငြိမ်နေတယ်လို့ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up