ရေကြည်မြို့နယ်တွင် စက်လှေမှောက် ကျောင်းသူ ၃ ဦးသေဆုံး
DVB
·
August 12, 2015
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု လယ်ကွင်းရေပြင်မှာ စက်လှေတစီး မတော်တဆ တိမ်းမှောက်ပြီး ကျောင်းသူ ဦး သေဆုံးသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၁ဝ ရက် ညနေ ၄ နာရီလောက်က ကျောင်းသားတွေ တင်ဆောင်လာတဲ့ စက်လှေဟာ တောင်ယာကြီးကျေးရွာမှ ထွက်ခွာခဲ့ပြီး ဥသျှစ်ကုန်းရွာထိပ် ရေအနက် ၇ ပေခန့်ရှိ လယ်ကွင်းပြင်အရောက် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်ခတ်ပြီး စက်လှေတိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
စက်လှေမှောက်မှုကြောင့် န၀မတန်းကျောင်းသူ မအေးအေးအောင် (၁၅)နှစ် ၊ သတ္တ မတန်းကျောင်းသူမမြင့်မြင့်ဝင်း(၁၃)နှစ်နဲ့ ပဉ္စမတန်းကျောင်းသူ မမြင့်မြင့်မိုး(၁၂) တို့ ရေနစ် သေဆုံသွားသဖြင့်ပြီး ကျန် ၃ ဦး ကတော့ စက်လှေအား ဖက်တွယ်အသက်ရှင်တယ် လို့ဆိုပါတယ်။ စက်လှေမောင်းနှင်းသူကိုတော့ အသုတ်နယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးအမှု ဖွင့်ထားပါတယ်။
ဇွန်၊ ဇူလိုင်၊ သြဂုတ်လ အတွင်းရေကြီးမှုနဲ့ သဘာဝဘေးအန္တရယ်ကြောင့် သြဂုတ်လ ၁၁ ရက်အထိ မြန်မာနိုင်ငံ တ၀န်း သေဆုံးသူ ၁၀၃ ဦးထိရှိနေပြီလို့ အစိုးရက တရား ၀င်ထုတ်ပြန်ထားပါတယ်။