ဒုတိယ ကမ္ဘာစစ် နစ်မြုပ်ခေါင်းလောင်းတွေ့ (ရုပ်သံ)

7.4K
မိုက်ခရိုဆော့ဖ်ကို ပူးတွဲထည်ထောင်တဲ့ ပေါလ်အလန်နဲ့ သုတေသနအဖွဲ့က ဒုတိယကမ္ဘာစစ်တုန်းက မြောက်အတ္တလန္တိတ် သမုဒ္ဒရာမှာ နစ်မြုပ်သွားတဲ့ ခေါင်းလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နှစ်ပေါင်း ၇၄ နှစ်အကြာမှာ ခေါင်းလောင်းကို ပြန်တွေ့တာ ဖြစ်ပြီး ဒီခေါင်းလောင်းတင်ဆောင်လာတဲ့ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘော ဟုဒ်ကို ဂျာမန် စစ်သင်္ဘောက ဒိန်းမတ်ရေလက်ကြားမှာ ၁၉၄၁ ခုနှစ်က နစ်မြုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီသင်္ဘော နစ်မြစ်မှုကြောင့် သင်္ဘောသား ၁၄၁၈ ဦး သေဆုံးသွားခဲ့ပါတယ်။
ခေါင်းလောင်းကတော့ အခြေအနေကောင်းပေမယ့် ဆယ်စုနှစ်များစွာ ရေထဲမှာ နစ်မြုပ်နေတဲ့ အတွက် ပြန်လည် ပြုပြင်ဖို့လိုတယ်လို့ ဆိုပါတယ်။
အင်္ဂလန် တောင်ပိုင်း ပိုစ့်မောက်က အမျိုးသား တော်ဝင် ရေတပ် ပြတိုက်မှာ ခေါင်းလောင်းကို ပြသသွားမှာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် ဇူလိုင်က ခေါင်းလောင်းဟာ ရေအောက် ပေ ၉၁၈၆ မှာ ရှိနေတယ်ဆိုတာကို ဓာတ်ပုံကနေ တဆင့် တွေ့ရှိခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် ရာသီဥတုမကောင်းတဲ့အတွက် ဆယ်ယူနိုင်ခဲ့ခြင်း မရှိဘဲ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အနှစ် ၇၀ ပြည့်တဲ့ ၂၀၁၅ ခုနှစ်မှ ပြန်လည် ဆယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။