A d v e r t i s e m e n t With Us

ပေ ၁၅၆၀ ရှည် ၀ါယာကြိုးပေါ် လမ်းလျှောက်ပြသည့် ကျွမ်းဘားသမား(ရုပ်သံ)

အမေရိကန်နိုင်ငံ ၀စ်ကောင်ဆင် ပြည်နယ်ပွဲတော်မှာ ကျွမ်းဘားသမား နစ်ဝေါ်လန်ဒါက ၀ါယာကြိုးပေါ်မှာ လမ်းလျှောက်ပြခဲ့ပါတယ်။ လာရောက်ကြည့်ရှုတဲ့သူတွေက အရှည်ဆုံး ၀ါယာကြိုးပေါ်မှာ လမ်းလျှောက်တဲ့ နစ်ကို ကောင်းချီးပေးခဲ့ကြပါတယ်။ ပေ ၁၅၆၀ ရှည်တဲ့ ၀ါယာကြိုးပေါ်မှာ လမ်းလျှောက်ဖို့ အတွက် ၃၃ မိနစ် အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဝေါ်လန်ဒါဟာ မြင့်မားတဲ့ ၀ါယာကြိုးပေါ်မှာ လမ်းလျှောက်တဲ့ ဘုရင်အဖြစ် သူကိုယ်သူ သမုတ်ထားသလို ကမ္ဘာမှတ်တမ်း ဂင်းနစ် စာအုပ်မှာလည်း မှတ်တမ်းတွေ ရှိနေပါတယ်။ နိုင်ဂါရာ ရေတံခွန်၊ ဂရင်း ကင်ယွန်၊ ချီကာဂိုက မြင့်မားတဲ့အဆောက်အဦ ၂ ခု အကြား ၀ါယာကြိုးတွေပေါ်မှာ လမ်းလျှောက်တဲ့ စွမ်းဆောင်မှုတွေကို နစ်က လုပ်ဆောင်ခဲ့ဖူးပါတယ်။ ၁၉၇၈ ခုနှစ်မှာတော့ သူရဲ့ အဘေးက ပေါ်တိုရီကိုမှာ ကြိုးတန်းလမ်းလျှောက်ရင် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up