A d v e r t i s e m e n t With Us

ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ဖီဖာ ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
ကမာ့္ဘဘောလုံးအဖွဲ့ချုပ် ဖီဖာ က နိုင်ငံတကာ အိုလံပစ်ကော်မတီ (အိုင်အိုစီ) အထွေထွေ ညွှန်ကြားရေးမှူး ဖရန့်ဆွာ ကာရတ်ကို ဖီဖာရဲ့ ၂၀၁၆ ပြုပြင်ပြောင်းလဲရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီအတွက် တိုက်ကြီးများ ဘောလုံးအဖွဲ့ချုပ် ၆ ခုက အရာရှိတွေကို ရွေးချယ်ထားတဲ့ ၁၂ ဦးပါအဖွဲ့ကို ကာရတ်က ဦးဆောင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ လာဘ်ပေးလာဘ်ယူမှု အရှုပ်အထွေးကြောင့် ဖီဖာအမှုဆောင်အရာရှိ ၇ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ "ဘောလုံးနဲ့ ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့ရဲ့ နာမည်ကောင်းနဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထိန်းသိမ်းဖို့က ကမာ့္ဘဘောလုံး အနာဂတ်အတွက် အရေးပါပါတယ်” လို့ ကာရတ်က ပြောပါတယ်။ စက်တင်ဘာ ၂၄-၂၅ လေးလပတ် ဖီဖာ အမှုဆောင်ကော်မတီရဲ့ ပုံမှန်အစည်းအဝေးမှာ ပြုပြင်ပြောင်းလဲရေး ကော်မတီက အကြိုလုပ်ဆောင်ချက်တွေကို အစီရင်ခံရမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာ ဆင်းပေးရမယ့် ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက ကာရတ်ကို ရွေးချယ်တာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၀၂ ခုနှစ် ဆောင်းရာသီအိုလံပစ်မှာ လာဘ်ပေးလာဘ်ယူမှုတွေရှိခဲ့တဲ့ အိုင်အိုစီကို အသက် ၇၇ နှစ် ဆွစ်ရှေ့နေ ကာရတ်က ပြန်လည် ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၉-၂၀၀၃ ခုနှစ်အထိ အိုင်အိုစီ အထွေထွေ ညွှန်ကြားရေးမှူးအဖြစ် ကာရတ်က တာဝန်ယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up