A d v e r t i s e m e n t With Us

ရထား ၂ စင်း တိုက်မိ (ဓာတ်ပုံ)

ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်အချိန် တောင်ငူဘူတာအဝင် ကြေးနန်းမိုင်တိုင်အမှတ် ၁၆၅/၁၁-၁၂ ကြားတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာလာတဲ့ စက်ခေါင်းမောင်းဦးဝင်းနိုင် မောင်းနှင်လာတဲ့ အမှတ် ၉၉၃ ကုန်ရထားနဲ့ တောင်ငူဘူတာကနေ ကျောက်တံခါးဘူတာအထိ သံလမ်းကင်းစစ်ရထားဖြစ်တဲ့ စက်ခေါင်းမောင်း ဦးဝင်းမြင့်မောင်းနှင်တဲ့ RGC-104 တို့ ရထားခြင်းတိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိပါ။ ဓာတ်ပုံ - သားကြီး (တောင်ငူ)

A d v e r t i s e m e n t With Us

More News
Up