A d v e r t i s e m e n t With Us

ရေဘေးကြောင့် ရပ်နားထားသည့် လွှတ်တော် အစည်းအဝေးများ ပြန်စမည်

နိုင်ငံတ၀န်း သဘာဝရေဘေးဒဏ် ခံစားနေရတာကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတဲ့ လွှတ်တော် ပုံမှန်အစည်းအဝေးတွေကို လာမယ့် သြဂုတ် ၁၈ ရက်နေ့ ပြန်လည်စတင်ကျင်းပမယ်လို့  လွှတ်တော်အသီးသီးက ထုတ်ပြန်ကြေညာထားပါတယ်။ ခေတ္တရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို မူလက သြဂုတ်လ ၁၀ ရက်မှာ ပြန်စဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ရေဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တဘက်က ရေဘေးကယ်ဆယ်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရသလို ဥပဒေကြမ်းကိစ္စ အပါအ၀င် လွှတ်တော်လုပ်ငန်းတွေ အချိန်မီဆောင်ရွက်ဖို့ လိုနေတယ်လို့လည်း လွှတ်တော်ရုံးတွေရဲ့ သြဂုတ် ၁၁ ရက်  ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up