အလိုအလျောက် ရေချိုး ပေးပြီး အလှဆီပါ လိမ်းပေးမည့်စက် (ဓာတ်ပုံ)

ဓာတ်ပုံ - စီစီတီဗွီ
1.3K
အလိုအလျောက်ရေချိုးစက်က သင့်ကို လဲလျောင်းရင်းလည်း ချိုးလို့ရစေပါလိမ့်မယ်။ သင့်အနေနဲ့ ရေချိုးခန်း ရေပန်းအောက်မှာ မတ်တပ်ရပ်ပြီး ချိုးရဖို့ မောပန်းနေတာဖြစ်ဖြစ်၊ အဆင်မပြေတာဖြစ်ဖြစ် ဒီ ရိုဘော့ရေချိုးစက်က သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
ဂျပန်ကုမ္ပဏီတခုက “အွန်ဆွန်းတလိဗန်-၉၉၉” လို့ အမည်ပေးထားတဲ့ ရေချိုးကန် အကြီးစားတခုနဲ့တူတဲ့ အလိုအလျောက် ရေချိုးစက်တခုကို တီထွင်လိုက်ပါပြီ။
အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ လဲလျောင်းပြီးနေလိုက်ရုံပါပဲ။ စက်က အလိုအလျောက် သင့်ကို ရေချိုးသန့်စင်ပေးမှာဖြစ်ပြီး ရေချိုးပြီးနောက်မှာတောင် အသားလှဆီ လိမ်းပေးနိုင်မယ်လို့ ဆိုပါတယ်။
ဒီစက်က ချွေးထုတ်တာတွေ၊ ပေါင်းတင်တာတွေ အပါအ၀င် အသားအရေ အလှအပဆိုင်ရာ ကုထုံးတွေကိုပါ လုပ်ဆောင်ပေးနိုင်မယ်လို့ ထုတ်လုပ်သူတွေက ပြောပါတယ်။
နောက်ဆုံးပေါ် ဒီအလိုအလျောက်ရေချိုးစက်ဟာ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ သင့်တော်ပြီး ဆေးရုံဆေးခန်းတွေမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။