ဟင်္သာတမြို့ ရေကျ၊ ရေဘေးရှောင်ပြည်သူများ အိမ်ပြန် (ဓာတ်ပုံ)





674
ဟင်္သာတမြို့တွင် ငါးရက်အတွင်း ဧရာဝတီမြစ်ရေ အမြင့်ဆုံးအမှတ်မှ သုံးပေ ကျဆင်းသွားတာကြောင့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကယ်ဆယ်ရေးစခန်း အသီးသီးကို ရောက်ရှိနေတဲ့ ရေဘေးသင့် ရေဘေးရှောင်ပြည်သူတွေ နေအိမ်ပြန်နေကြပြီ ဖြစ်ပါတယ်။
ဟင်္သာတမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်တဲ့ ကျေးရွာအုပ်စု ၂၂ စု လူဦးရေ ၄၂၁၅၁ ဦးရှိခဲ့ရာ ကယ်ဆယ်ရေးစခန်းပေါင်း ၂၇ ခု ဖွင့်လှစ်ခဲ့ရပြီး သက္ကယ်ပြင်၊ ခြင်ဘို့။ ပျဉ်းမချောင်း။ မြို့ကွင်း။ စစ်ကုန်း ကျေးရွာအုပ်စုများရှိ ဖွင့်လှစ်ထားတဲ့ ရေဘေးသင့်ပြည်သူတွေ နေရပ်ပြန်လည်နေထိုင်ရန် ထောက်ပံ့ပစ္စည်းတွေနဲ့အတူ ပြန်သွားကြပါတယ်။
ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ တာအပြင်ပိုင်း မိုးစပါးစိုက်ဧက ၈၁၉၆ ဧက နစ်မြုပ်ခဲ့ပြီး ၅၁၆၈ ဧက ပျက်စီးခဲ့ပါတယ်။
ဟင်္သာတမြို့ တွင် သြဂုတ် ၁၂ ရက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေအမှတ် ၄၄.၇၅ ပေ တွင် တည်ရှိပြီး စိုးရိမ်ရေအမှတ် ၄၄ ပေ အထက် တပေနီးပါး မြင့်တက်နေပါသေးတယ်။
ဓာတ်ပုံ - ပြည့်ဖြိုး