A d v e r t i s e m e n t With Us

ဖရီးကစ် ၃ လုံးကနေ ၃ ဂိုးသွင်းယူခဲ့သည့် ဘာစီလိုနာ နှင့် ဆီဗီလာ (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၁၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ယူအီးအက်ဖ်အေ စူပါကပ် ဗိုလ်လုပွဲမှာ ဘာစီလိုနာ အသင်းက ဒေသတွင်းပြိုင်ဘက် ဆီဗီလာအသင်းကို ၅ ဂိုး ၄ ဂိုးနဲ့နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုး ၉ ဂိုးနဲ့ အကြိတ်အနယ် ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားတာက ပွဲအစ ၁၆ မိနစ်အတွင်းမှာ ဖရီးကစ် ၃ လုံးကနေ ၃ ဂိုး ဖြစ်ခဲ့တာပါ။ ပွဲအစ ၃ မိနစ်မှာ အာဂျင်တီးနား ကွင်းလယ်လူ ဘာနီဂါက ဖရီးကစ်ကနေ ဆီဗီလာအတွက် အဖွင့်ဂိုး သွင်းယူပါတယ်။ အဲဒီနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ပွဲချိန် ၇ မိနစ်နဲ့ ၁၆ မိနစ်တွေမှာ ဖရီးကစ်တွေကတဆင့် ဘာစီလိုနာအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာ တိုက်စစ်မှူး ဆွာရက်ဇ် ချပေးတဲ့ဘောလုံးကို ရာဖင်ဟာက ပိတ်သွင်းပြီး ပထမပိုင်းမှာ ဘာစီလိုနာက ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၂ မိနစ်မှာ ဆီဗီလာ နောက်ခံလူ လူပေးမှားတာကနေ ဘက်စကွက်ချပေးတဲ့ ဘောလုံးကို ဆွာရက်ဇ်ကသွင်းပြီး ဘာစီလိုနာက ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆီဗီးလားက ပြန်လည် တိုက်စစ်ဆင် ကစားခဲ့ပြီး ၅၇ မိနစ်မှာ ရေးယက်စ်၊ ၇၂ မိနစ်မှာ ဂါမီယို၊ ၈၁ မိနစ်မှာ ကိုနိုပလန်ကာတို့က ချေပဂိုး ၃ ဂိုး ဆက်တိုက်သွင်းယူခဲ့ပါတယ်။ မိနစ် ၉၀ ထိ ၄ ဂိုးစီ သရေကျနေတာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ၁၁၅ မိနစ်မှာ ပက်ဒရိုက ဘာစီလိုနာအတွက် အနိုင်ဂိုးသွင်းယူပြီး ဘာစီလိုနာက အနိုင်ရဗိုလ်စွဲသွားပါတယ်။ ယူအီးအက်ဖ်အေ စူပါကပ်ကို ဘာစီလိုနာနဲ့ အေစီမီလန်တို့က ငါးကြိမ်စီနဲ့ အမြင့်ဆုံး ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up