A d v e r t i s e m e n t With Us

ချဲလ်ဆီး ဂိုးသမား အနီကတ်ပြစ်ဒဏ် အယူခံ အက်ဖ်အေပယ်ချ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အသင်း ဂိုးသမား ကော့တွိုက်စ်ရဲ့ အနီကတ် ပြစ်ဒဏ် အယူခံကို ပယ်ချလိုက်ပါတယ်။ သြဂုတ် ၈ ရက် ဆွမ်ဆီးအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ အနီကတ်ပြ အထုတ်ခံခဲ့ရတဲ့ အပေါ် ချဲလ်ဆီးအသင်းက ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးဖို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ပေးဖို့ တောင်းဆိုချက်အတွက် လုံလောက်တဲ့ အချက်အလက် အထောက်အထား မရှိဘူးလို့ အက်ဖ်အေက အကြောင်းပြန်တဲ့အတွက် သြဂုတ် ၁၆ ရက် မန်စီးတီးနဲ့ ကစားမယ့် ပွဲကို ချဲလ်ဆီးဂိုးသမားက လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ စတုတ်စီးတီးအသင်းကနေ ခေါ်ယူထားတဲ့ ဂိုးသမား ဘီကိုဗစ်ကို အသုံးပြုသွားနိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up