A d v e r t i s e m e n t With Us

ကျောက်မီးသွေး စက်ရုံ ၇ ခု တရုတ်အစိုးရ ဖြိုချ (သတင်းဓာတ်ပုံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းခရိုင် ချီပင်းဒေသမှာ ဓာတ်အားပမာဏ ကီလိုဝပ် ၆ သိန်း ၈ သောင်း ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေးစက်ရုံ ၇ ခုကို အစိုးရက ဖြိုချဖျက်ဆီးလိုက်ပြီလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက တရုတ်အစိုးရဟာ တရားမ၀င် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းတွေကို ရှင်းလင်းပစ်ဖို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တခြားသော သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ ဆောက်လုပ်ရေး စီမံကိန်း ၇၀၁၉ ခုကိုလည်း ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁၁ ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကို ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ သတင်းဓာတ်ပုံ - ဆင်ဟွာ  

A d v e r t i s e m e n t With Us

More News
Up