တိုင်ဖုန်း ဆိုဒီလောကြောင့် တရုတ်အရှေ့ပိုင်း မြေပြို ပျက်စီး(ရုပ်သံ)

1.7K
တိုင်ဖုန်းမုန်တိုင်း ဆိုဒီလောရဲ့ အကြွင်းအကျန်တွေက တရုတ်အရှေ့ပိုင်း အန်းဟွေပြည်နယ်ကို သြဂုတ် ၁၀ ရက်နေ့က တိုက်ခတ်ခဲ့လို့ တောင်ထူတဲ့ဒေသမှာ မြေပြိုပြီး လမ်းတွေ၊ အိမ်တွေ ပျက်စီးခဲ့ပါတယ်။
ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးမြေ ဟက်တာ ၁ သိန်း ၉ သောင်း ၆ ထောင်လောက် ပျက်စီးခဲ့ပါတယ်။ အန်းဟွေရဲ့ ဟွာရှန်းမြို့နယ်ဟာ တိုင်ဖွန်းမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသပါ။
တောင်တွေပေါ်က တောင်ကျရေတွေက ကျူးဖိုအန်ရွာက ရှန်းရွှဲ့ကန်ထဲကို ညသန်းခေါင်မှာ စီးဝင်လာလို့ မိနစ်အနည်းငယ်အတွင်း ရေအမြင့် ၅ မီတာကျော် တက်ခဲ့ပါတယ်။
တောင်ကျရေတွေက မြစ်ဘေး ၂ ဘက်က လမ်းတွေနဲ့ ရွာထဲက အိမ်တချို့လည်း ပျက်စီးပါတယ်။
တောင်ကျရေထိတဲ့ ဒေသခံတချို့ကတော့ မြေမြင့်ပိုင်းက ကျောင်းတွေနဲ့ ရပ်ရွာဇရပ်တွေဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ မြို့နယ်အတွင်း အိမ်ခြေအများအပြားဆီ ရေနဲ့လျှပ်စစ် ဖြန့်ဖြူးမှုလည်း ထိခိုက်ခဲ့ပါတယ်။
သြဂုတ် ၁၁ ရက်နေ့မှာတော့ ရေပြန်ကျခဲ့လို့ ကယ်ဆယ်ရေးသမားတွေက ရွှံ့နှစ်တွေကို သန့်ရှင်းနေပြီး ပျက်စီးသွားတဲ့ လမ်းတွေကို ပြန်ပြင်နေပါတယ်။ ရေပြန်ကျခဲ့ပြီးနောက် မြို့နယ်အစိတ်အပိုင်း အများစုမှာ ရေနဲ့ လျှပ်စစ်မီး ပြန်ရနေပါပြီ။
တိုင်ဖုန်း ဆိုဒီလောဟာ တရုတ်နိုင်ငံထဲမှာ အင်အားနည်းလာပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကလည်း မုန်တိုင်းသင့်ဒေသအသီးသီးမှာ ကောင်းကောင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။