Home
မြန်မာသတင်း
ထိုင်းနိုင်ငံကို ဗီဇာမလို ခရီးထွက်နိုင်ပြီ
အေးနိုင်
·
August 11, 2015
ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေကို သြဂုတ် ၁၁ ရက် (ဒီနေ့) ကစပြီး ဗီဇာမလိုဘဲ ထိုင်းနိုင်ငံတွင်းသို ၁၄ ရက်ကြာဝင်ရောက်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို ဒီကနေ့စတင်ခွင့်ပြုပါတယ်။ ထိုင်းနိုင်ငံကို ပြေးဆွဲနေတဲ့ တခုတည်းသော မြန်မာနိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (အမ်အေအိုင်) ရဲ့ ပြောခွင့်ရသူ ဒေါ်အေးမရသာကို မေးမြန်းထားပါတယ်။ ထိုင်းကို မြန်မာနိုင်ငံသားတွေ ဗီဇာမလိုပဲ လည်ခွင့် MAI လေကြောင်းလိုင်းက ခရီးသည်တွေအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာ သိပါရစေ။ “ကျမတို့အပိုင်းကတော့ Visa Free Information ရကတည်းက ကျမတို့ရဲ့ လက်မှတ်အရောင်းအေးဂျင့်တွေကို ရောပေါ့နော်။ ကျမတို့ အနောင့်စ်လုပ်ပေးပါတယ်။ ဒီ ၁၁ ရက်နေ့ကစပြီးတော့ မလိုတော့ဘူးပေါ့လေ။ ဆိုတဲ့အခါကျတော့ အခုကတော့ ကျမတို့က ဒီ တောက်လျှောက်ပေါ့ MAI အနေနဲ့ ကလည်း ပရိုမိုးရှင်းတွေက ရှိတယ်အကိုရဲ့ ဘန်ကောက်ကိုဆိုရင်၊ ဥပမာ ဘန်ကောက်ကို အသွားအပြန်ဆိုရင် လောလောဆယ် အနည်းဆုံး ပရိုမိုးရှင်း ဒေါ်လာ ၉၃ ကျပ်နဲ့ကို ရောင်းနေတယ်။ ဒီပရိုမိုးရှင်းရှိတာကလည်း တကြောင်း၊ Visa Free ဖြစ်သွားတာလည်း တကြောင်းဆိုရင်တော့ သွားရတဲ့လူတွေက လွယ်ကူတာပေါ့နော်။ တကယ်တမ်းပြောရင် ဘန်ကောက်ကလည်း ဟိုတယ်ခ၊ ဘာခ၊ ရှော့ပင် အစစအရာရာ ဈေးသက်သာတော့လေ ကျမတို့ အဲလိုင်းတွေအနေနဲ့ကတော့ ပါစင်ဂျာ ကိုယ့်နိုင်ငံသားတွေ ဟိုဘက်ကို ပြန်သွားမယ်ပေါ့နော်။ များများ။ အခုလည်း ရှော့ပင်တွေ ဘာတွေအတွက် သွားကြတယ်။ တချို့လည်း ဈေးဝယ်သွားကြတယ်၊ မျိုးစုံပေါ့လေ။ အခုဆိုလို့ရှိရင် ဗီဇာမလိုဘူးဆိုတော့ သူတို့ ချက်ခြင်း လက်မှတ်ကလည်း ကျမတို့ဆီမှာ ၀ယ်လို့ရတယ် အကိုရယ်။ ကျမတို့ အေးဂျင့်တွေကလည်း စနေ၊ တနင်္ဂနွေဖွင့်တယ် အကုန်ရောင်းတယ်ပေါ့။ ကျမတို့ အွန်လိုင်းမှာလည်း လက်မှတ်ရောင်းတဲ့အခါကျတော့ အကုန်လုံး လွယ်လွယ်ကူကူနဲ့ သွားလို့ရတာပေါ့။ ဒါပေမယ့် တခုလေးကတော့ စိုးရိမ်တာတော့ ဒီအချိန်မှာ ဒီမှာ ရေဘေးသင့်တဲ့ အချိန်နဲ့ဖြစ်နေတဲ့အချိန်နဲ့က ကွက်တိဖြစ်နေတယ်ဆိုတော့လေ။ များသောအားဖြင့်ကတော့ အခုကတော့ အကုန်လုံးက ရေဘေး လှူဖို့တန်းဖို့၊ သွားပြီး ကယ်ဆယ်ဖို့ ကိစ္စတွေမှာတော့ ပိုပြီးအာရုံတွေကတော့ ရောက်နေတာပေါ့။ ဗီဇာကင်းလွတ်ခွင့်ရပြီဆိုတော့ သက်သာမှုအခြေအနေ။ “ဘယ်လိုပြောရမလဲ သွားတန်းစီရတာတို့ဘာတို့ အကုန်လုံးပေါ့နော် အဲဒါတွေကတော့ အချိန်ကုန်လည်း သက်သာတာပေါ့ ဆိုတော့ အခုသွားမယ်ဆို အခုထပြီး သွားလို့ရတာပေါ့နော်။ လေကြောင်းလိုင်းက မြန်မာပိုင် တလိုင်းပဲ ရှိတော့တယ်လို့သိရတယ်။ ဟုတ်လား။ “ဟုတ်ကဲ့လောလောဆယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားပိုင် လေကြောင်းလိုင်းဆိုရင်တော့ ကျမတို့ အမ်အေအိုင်ပေါ့နော်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတခုပဲ ဘန်ကောက်ကို တနေ့ကို ၂ ခေါက်သွားပါတယ်။ ထိုင်းမှာ ၁၄ ရက်လည်ပတ်မယ့်သူက Show Money ပြရသေးလား။ “အဲလိုမျိုးတွေပြရမယ်လို့ ကျမတို့ဒီမှာ တရားဝင်ပို့တဲ့စာထဲမှာတော့ မပါပါဘူးရှင့်။ ဒါပေမယ့် သူတို့ Return Ticket တော့ သူတို့ တောင်းပါလိမ့်မယ်ထင်တယ်။ Visa Requirements ဖော် ဟိုရောက်ရင်တော့ သူတို့ on Arrival Visa (ဆိုက်ရောက်ဗီဇာ) လိုမျိုး ယူရမလားတော့ မသိဘူး။ ဒါပေမယ့် ဒီကနေတော့ ဗီဇာကို ဖရီးပေါ့နော် အနောင့်စ်လုပ်ထားတယ်ဆိုတော့ ကျမထင်တာတော့ ပေးပါလိမ့်မယ်အကို။ Show Money ပြရမယ်ဆိုတာတော့ ဘာမှ Advice မလုပ်ထားဘူး။ ကျမတို့ကတော့ ပြစရာမလိုဘူးလို့ပဲ နားလည်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အခါကျတော့ ဒီဟာတွေကိုလည်း စာထဲမှာလည်း မပါဘူးပေါ့နော်။ ဘာမှ ပြစရာမလိုဘူးလို့ပဲ ကျမတို့နားလည်ထားပါတယ်။ ခရီးသွားတွေများလာမယ့်အနေအထားမှာ MAI ရဲ့ လေကြောင်းလိုင်းကို ချဲ့ထွင်ဖို့ အခြေအနေ ရှိလား။ အခေါက်ရေပေါ့နော်။ “ဟုတ်ကဲ့။ ကျမတို့အခုတော့ တနေ့ ၂ ခေါက်သွားပါတယ်။ တကယ်တန်းတော့ ဘန်ကောက်ကိုဆိုရင် သွားတဲ့လေကြောင်းလိုင်းက များတယ်အကို။ ဥပမာဆိုရင် ကျမတို့ မြန်မာနိုင်ငံကာသာ ကျမတို့ MAI (Myanmar Airways International) တခုတည်း ဖြစ်နေတာပေါ့နော်၊ တကယ်တမ်းဆို ဘန်ကောက်ကိုဆိုရင် TG ဆိုရင် တနေ့ ၂ ခေါက်သွားတယ်အကို Thai Airways ပေါ့။  ပြီးတော့တခါ Nok Air ဆိုတာ တခုရှိသေးတယ်။ နေ့စဉ်သွားတယ်။ ပြီးရင် AirAsia ရှိသေးတယ်။ သူတို့လည်း နေ့စဉ်သွားတယ်။ ပြီးရင်တခါ Bangkok Airways လည်း ရှိသေးတယ်။ အဲတော့ တနေ့တနေ့ ဘန်ကောက်ကို ထွက်တဲ့လေယာဉ်တွေက အများကြီးပဲအကို။ အခုချင်းမိုင်ကိုရော တိုးချဲ့ဖို့ရှိလား။ “ချင်းမိုင်ကတော့ ကျမတို့ရဲ့ Sister Airlines ပေါ့လေ။ ကျမတို့ အမ်အေအိုင်က KBZ group ရဲ့ Airline ဆိုတော့။ Air KBZ ဆိုတာ ရှိတယ်။ Air KBZ အနေနဲ့ကတော့ သူတို့ ချင်းမိုင်ကို သွားပါလိမ့်မယ်။ သူတို့ စီစဉ်နေပါပြီ။ ကျမတို့ကတော့ ဘန်ကောက်တခုတည်းပဲပေါ့။ လေကြောင်းလိုင်းက ၂ ခုရှိတယ်ဆိုတော့၊ တခုက ချင်းမိုင်သွားတယ်ဆိုတော့ ကျမတို့က ချင်းမိုင်မသွားတော့ဘူး။ ကျမတို့ ဘန်ကောက်ပဲ ဆက်သွားပါမယ်။ (မှတ်ချက်။       ။ ထိုင်းနိုင်ငံဥပဒေအရ ထိုင်းနိုင်ငံတွင်း ဆိုက်ရောက်ဗီဇာဖြင့် လာရောက်တဲ့ နိုင်ငံခြားသားဧည့်သည်ကို ဆိုက်ရောက်ဗီဇာခ ထိုင်းဘတ်ငွေ တစ်ထောင် ကောက်ယူပါတယ်။ ဧည့်သည်တဦးချင်းလာပါက အမေရိကန်ဒေါ်လာ ၂၅၀၊ မိသားစုဖြင့်ဆိုပါက show money အဖြစ် ဒေါ်လာ ၅၀၀ နဲ့ကိုက်ညီတဲ့ ထိုင်းဘတ်ငွေ ၂ သောင်း) ပြသနိုင်ဖို့လိုပါတယ်။ show money က လေဆိပ်က တာဝန်ရှိသူက စစ်သည့်အခါ စစ်၊ မစစ်လိုတဲ့အခါ မစစ်တာဖြစ်နိုင်) (ရည်ညွှန်း။        ။ http://www.suvarnabhumiairport.com/en/907-visa-on-arrival)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024