ကြောင် ကော်ဖီဆိုင် (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မှာ ကြောင်တွေနဲ့အတူ ကော်ဖီထိုင်သောက်နိုင်မယ့် ပထမဆုံး ကြောင် ကော်ဖီဆိုင်ကို ဖွင့်လိုက်လိုက်ပါတယ်။
အာရှမှာတော့ ကြောင်တွေနဲ့ အတူ ကော်ဖီထိုင်သောက်နိုင်တဲ့ ဆိုင်က လူကြိုက်များတာကို သိရှိခဲ့ပြီးတဲ့နောက် ကန်ချန်ဆင်းက အမေရိကန်မှာတော့ ပထမဆုံး ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
ကယ်တင်ထားတဲ့ ကြောင် ၂၀ နီးပါး ရှိနေပြီး စားသုံးသူတွေက ဒီဆိုင်မှာ စားသောက်ဖို့ အွန်လိုင်းကနေတဆင့် နေရာကို ကြိုတင်မှာထားပြီး ကယ်တင်ထားတဲ့ကြောင် ၂၀ နဲ့ ကစားနိုင်ပါတယ်။
ကြောင်တွေက ၀ါရှင်တန်က လူစိတ်ရှိတဲ့ အသိုင်းအ၀န်းအဖွဲ့က ဖြစ်ပြီး ဆိုင်ပိုင်ရှင်က သူတို့ကို စောင့်ရှောက်ပေးမယ့်သူ ရှာတွေ့ဖို့ မျှော်လင့်နေပါတယ်။
မွေးစားလိုတဲ့သူတွေကဒီအဖွဲ့မှာ သတ်မှတ်ထားတဲ့ လျှောက်လွှာတွေကို ဖြည့်ပြီး ကဖေးက ကြောင်တွေကို မွေးစားနိုင်မှာ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ပြီး ၇ ပတ်အတွင်းမှာ ကြောင် ၁၆ ကောင်လောက်ကို မွေးစားသွားတယ်လို့ ဆိုပါတယ်။
ဆိုင်တွေမှာ တရိစ္ဆာန်တွေထားတာကို တားမြစ်ထားတဲ့အတွက် ဒီကော်ဖီဆိုင်အတွက် အစားအသောက်တွေကို လမ်းတဖက်က ဆိုင်ကနေ ပြင်ဆင်ပေးရတာ ဖြစ်ပါတယ်။