A d v e r t i s e m e n t With Us

မြန်မာဘောလုံးအသင်း အာရှ အဆင့် ၂၃ တွင် ရပ်တည်

အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများရဲ့ ဘောလုံးအဆင့် သတ်မှတ်ချက်မှာ မြန်မာအသင်း ဟာ အဆင့် ၂၃ နေရာမှာ ရပ်တည်နေပါတယ်။ သြဂုတ် ၆ ရက်ကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆင့် ၁ မှာ တောင်ကိုးရီးယား၊ အဆင့် ၂ မှာ ဆော်ဒီ၊ အဆင့် ၃ မှာ အီရန်တို့ အသီးသီး ရပ်တည်နေပါတယ်။ အာဆီယံနိုင်ငံထဲက ထိုင်းကတော့ အဆင့် ၁၂၊ အင်ဒိုနီးရှားက ၁၆၊ ဗီယက်နမ် ၁၈၊ မလေးရှား ၂၀ နဲ့ မြန်မာရဲ့အထက်မှာ ရပ်တည်နေပါတယ်။ စင်ကာပူက အဆင့် ၂၄၊ ဖိလစ်ပိုင် ၂၇၊ လာအို ၃၉၊ တီမော ၃၄၊ ကမ္ဘောဒီးယား ၄၁၊ ဘရူနိုင်း ၄၃ နဲ့ မြန်မာအသင်းရဲ့ အောက်မှာ ရပ်တည်နေပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်မှာ အဖွဲ့ဝင် ၄၆ နိုင်ငံရှိပြီး အဆင့် ၄၆ ကတော့ မွန်ဂိုးလီးယားနိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up