ဂိုးသမားအပေါ် ၃ ပွဲပယ်ပြစ်ဒဏ် ချဲလ်ဆီး အယူခံဝင်

2.3K
အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းဟာ ဆွမ်ဆီးအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ အထုတ်ပယ်ခံထားရတဲ့ ဂိုးသမား ကော့တွိုက်စ်အတွက် အယူခံဝင်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲချိန် ၅၂ မိနစ်မှာ ဆွမ်ဆီး အသင်း တိုက်စစ်မှူး ဂေါ်မစ်ကို ဖျက်တာ ကြမ်းတမ်းတဲ့အတွက် ကော့တွိုက်စ်ဟာ အနီကတ် အပြခံရပြီး ပွဲပယ်ခံထားရပါတယ်။
နည်းပြ မောရင်ဟိုကတော့ ပွဲအပြီး ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ငြင်းပယ်ခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ အယူခံကို ဘောလုံးအဖွဲ့ချုပ်က သြဂုတ် ၁၁ ရက်မှာ ကြားနာမှာ ဖြစ်ပါတယ်။
တကယ်လို့ အယူခံမအောင်ရင်တော့ လာမယ့်အပတ် မန်စီးတီးနဲ့ ကစားမယ့်ပွဲမှာ ကော့တွိုက်စ်က ကစားနိုင်မှာ မဟုတ်တော့ပါဘူး။
ဆွမ်ဆီးနဲ့ပွဲမှာ ကော့တွိုက်စ်ထွက်သွားပြီးတဲ့နောက် စတုတ်ကနေ ခေါ်ယူထားတဲ့ ဘီဂိုဗစ်က ချဲလ်ဆီးအတွက် ပထမဆုံး ဂိုးဝင်ဖမ်းပေးခဲ့ပါတယ်။