A d v e r t i s e m e n t With Us

မြောက်ကိုရီးယားကို အပြင်းထန်ဆုံး လက်တုံ့ပြန်မည်ဟု တောင်ကိုရီးယား သတိပေး

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့တပတ်က တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်မှာ တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တဲ့အတွက် မြောက်ကိုရီးယားကို အပြင်းထန်ဆုံး လက်တုံ့ပြန်မယ်လို့ တောင်ကိုရီးယားက သြဂုတ် ၁၀ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီပေါက်ကွဲမှုမှာ တောင်ကိုရီးယား တပ်ဖွဲ့ဝင်တဦး ခြေ ၂ ချောင်းလုံး ဆုံးရှုံးခဲ့ရပြီး နောက်တဦးကတော့ ခြေတချောင်း ဆုံးရှုံးခဲ့တာပါ။ အစပိုင်းကတော့ မြောက်ကိုရီးယားနဲ့ ပတ်သက်ခြင်း မရှိဘူးလို့ ပြောခဲ့ပေမယ့် သြဂုတ် ၁၀ ရက်နေ့မှာတော့ ဒါဟာ မြောက်ကိုရီးယားက ထောင်ခဲ့တာ သေချာတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာပါ။ တောင်ကိုရီးယား နယ်နိမိတ်ထဲကို ခိုးဝင်လာပြီး မိုင်း ၃ လုံး ထောင်ခဲ့တာလို့ တောင်ကိုရီးယား အာဏာပိုင်တွေက စွပ်စွဲပါတယ်။ ဒီမိုင်းထောင်မှုဟာ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စစ်ပြေငြိမ်းရေးနဲ့ မကျူးကျော်ရေး သဘောတူစာချုပ်ကို အတိအလင်း ချိုးဖောက်တာလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲ့ ကြေညာချက်က ဆိုပါတယ်။ နှစ်နိုင်ငံကြားက ၂ မိုင်ခွဲအကျယ် စစ်မဲ့ဇုန်ဟာ ကမ္ဘာပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားနဲ့ စစ်လက်နက်အင်အား အထူထပ်ဆုံးချထားတဲ့ နယ်နိမိတ် ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ပြေငြိမ်းရေးစာချုပ်နဲ့ပဲ စစ်ရပ်စဲထားတဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up