မိဘအုပ်ထိန်းမှုကို ဝေဖန်ရန် အခွင့်အရေးမရှိဟု ဒေးဗစ်ဘက်ဟမ်း ပြော

မိဘအုပ်ထိန်းမှုကို ဝေဖန်ဖို့အတွက် အခွင့်အရေး မရှိဘူးလို့ အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်းက သူ့ရဲ့ သားသမီးတွေအပေါ် အုပ်ထိန်းမှုနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို တုံ့ပြန်လိုက်ပါတယ်။ ၄ နှစ်သမီး ဟာပါ ချိုလိမ်ကို ပါးစပ်ထဲမှာ ထည့်ထားတဲ့ ဓာတ်ပုံကြောင့် ဘက်ဟမ်းရဲ့ အုပ်ထိန်းမှုအပေါ် လူအများက ဝေဖန်ခဲ့ပါတယ်။ ဒီလို ချိုလိမ်ကို အသုံးပြုတဲ့အတွက် စကားပြောတာနဲ့ သွားနဲ့သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿ နာ ဖြစ်နိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ လူမှုရေးကွန်ရက် အင်စတာဂရမ်မှာ ကလေး ၄ ယောက်ဖခင် ဘက်ဟမ်းက အချက်အလက်မရှိဘဲ ကလေးမိဘတွေကို သူတို့ကလေးနဲ့ ပတ်သက်ပြီး ဝေဖန်ဖို့ အခွင့်အရေး ရှိတယ်လို့ လူတွေက ထင်ကြလည်း မသိဘူးလို့ ရေးသားခဲ့ပါတယ်။ ဝေဖန်တဲ့သူတွေအနေနဲ့ တခြားလူတွေရဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး မဝေဖန်ခင် အနည်းဆုံး ၂ ကြိမ်လောက် စဉ်းစားသင့်သလို မိဘအုပ်ထိန်းမှုကို ဝေဖန်ဖို့ အခွင့်အရေး မရှိဘူးလို့ ပြောပါတယ်။ ဒေးဗစ်ဘက်ဟမ်းရဲ့ အင်စတာဂရမ်မှာ တင်လိုက်တဲ့ ဒီပို့စ်ဟာ နာရီဝက်အတွင်း ကြိုက်နှစ်သက်သူ ၁ သိန်း ၇ သောင်းအထိ ရှိခဲ့ပါတယ်။ “ဒါဟာ ခင်ဗျားရဲ့သမီး ဖြစ်ပါတယ်။ သူတို့သမီး မဟုတ်ပါဘူး။ မိဘအုပ်ထိန်းမှုကတော့ တဦးနဲ့တဦး မတူပါဘူး” လို့ ဒီပိုစ့်အောက်မှာ တဦးက မှတ်ချက်ရေးထားပါတယ်။ ကလေးအရေး ကျွမ်းကျင်သူတဦးကတော့ ချိုလိမ်ကို နေ့စဉ်အသုံးပြုမယ်ဆိုရင် ကလေးရဲ့သွားတွေကို ပျက်စီးစေပေမယ့် အလွန်အကျွံမသုံးရင် ဘာမှမဖြစ်သလို မိဘတွေအနေနဲ့ တခြားမိဘတွေရဲ့ ကွဲပြားတဲ့ ကလေးအုပ်ထိန်းမှုကို မဝေဖန်သင့်ဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up