အမေရိကန်တွင် ဓာတ်ငွေ့အိုး ပေါက်ပြီး အိမ်တလုံးမီးလောင်သည့် ရုပ်သံ ဖြန့်ချိ

1.2K
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် လန်းဆင်းဂ်မြို့ မီးသတ်ဌာနက ဓာတ်ငွေ့ပေါက်ကွဲမှုတခုကို ကားဒက်ရှ်ဘုတ်ပေါ်တင်တဲ့ ကင်မရာကနေ ရိုက်ကူးထားတဲ့ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။
သြဂုတ် ၂ ရက်နေ့က ကားတစီး အိမ်တလုံးရဲ့ ဓာတ်ငွေ့မီတာကို တိုက်ပြီး ထွက်ပြေးမှုကြောင့် ဓာတ်ငွေ့အိုးပေါက်ကွဲခဲ့လို့ အိမ်တလုံး ပျက်စီးခဲ့ရတဲ့ အခြေအနေကို ရိုက်ကူးထားတာပါ။
အိမ်ရှင်မိသားစုက ဓာတ်ငွေ့ပေါက်ကွဲမှု မဖြစ်ခင် အိမ်ထဲက ထွက်သွားခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အိမ်ရဲ့ ရှေ့ပိုင်းတပိုင်းလုံး ပြားပြားဝပ် ပျက်စီးခဲ့ပါတယ်။