အင္တာတုိက္စစ္မႉး ရွာကြီရီ ကို စတုတ္စီးတီး ခေါ်
ပရီးမီးယားလိဂ်ကလပ်တခုဖြစ်တဲ့ စတုတ်စီးတီးက တိုက်စစ်မှူး ရှာကွီရီ ကို အီတလီကလပ် အင်တာမီလန်ကနေ ခေါ်ယူလိုက်ပါတယ်။
စတုတ်စီးတီးက ရှာကွီရီရဲ့ ပြောင်းရွှေ့ကြေးကို ဖော်ပြတာ မရှိပေမယ့် အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့အထက် ခေါ်ယူတာ ဖြစ်တယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ရှာကွီရီဟာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် မရတဲ့အတွက် အသင်းပြောင်းတာ ဖြစ်ပါတယ်။
ရှာကွီရီဟာ ဘယ်ဂျီယံကလပ် ဘာဆယ်မှာလည်း ကစားခဲ့ဖူးပါတယ်။ သူဟာ ဆွစ်ဇာလန် လက်ရွေးစင်အသင်းအတွက် ၄၆ ပွဲ ကစားပေးထားပြီး ၁၇ ဂိုး သွင်းထားပါတယ်။
စတုတ်အသင်းဟာ ဒတ်ခ်ျ တောင်ပံသမား အယ်ဖယ်လေကို ဘာစီလိုနာ၊ နောက်တန်းသမား ဂလင်း ဂျွန်ဆင်ကို လီဗာပူးကနေ အသီးသီး ခေါ်ယူထားပါတယ်။
နည်းပြ မာ့စ် ဟုခ်ျရဲ့ စတုတ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့ပါတယ်။