A d v e r t i s e m e n t With Us

ဝက်စ်ဘရွန်း အသင်း ဇင်းနစ်တိုက်စစ်မှူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်

ဓာတ်ပုံ - ဘီဘီစီ
ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဘရွန်း အသင်းက စံချိန်တင် ပြောင်းရွှေ့ကြေး ဒေါ်လာ ၁၉  သန်း နီးပါးနဲ့ တိုက်စစ်မှူးသစ်ကို ခေါ်ယူလိုက်ပါတယ်။ ၀က်စ်ဘရွန်းက ဗင်နီဇွဲလား တိုက်စစ်မှူး ဆာလိုမွန် ရွန်ဒန်ကို ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစ်ဘတ်ကနေ ခေါ်ယူနိုင်တာ ဖြစ်တယ်လို့ သြဂုတ် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ရွန်ဒန်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဗင်နီဇွဲလား တိုက်စစ်မှူးကတော့ အခု ပြောင်းရွှေ့မှုဟာ အခွင့်အရေး တခုဖြစ်ပြီး ကစားပေးဖို့ စောင့်မနေနိုင်လောက်အောင် ဖြစ်နေပါတယ်လို့ ပြောပါတယ်။ ရွန်ဒန်ဟာ ၀က်စ်ဘရွန်းအသင်းကနေ အခုနှစ် နွေရာသီမှာ ၅ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up